Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဒီနေ့မှာလွတ်ရက်စေ့ပေမယ့် မလွှတ်ပေးဘဲ ပုဒ်မထပ်တိုးခံရ

ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့မတရားဖမ်းဆီးတာကိုခံထားရတဲ့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဦးကျော်ဇေယျတို့ကိုတွေ့ရစဉ်(ပုံဟောင်း)
စစ်ကောင်စီရဲ့မတရားဖမ်းဆီးတာကိုခံထားရတဲ့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဦးကျော်ဇေယျတို့ကိုတွေ့ရစဉ်(ပုံဟောင်း)

အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချထားတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခါနီးမှာ ပြန်လွှတ်မပေးဘဲ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ တို့ကို စစ်ကောင်စီက နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ပုဒ်မထပ်တိုးလိုက်ပါတယ်။

ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြို့တော်ဝန်ဒေါက်တာရဲလွင် ရော NLD ပါတီဝင် ရွေးကောက်ခံ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ ဆူပူအောင်လှုံဆော်မှုနဲ့ ထောင်ဒဏ် ၂ နှစ်စီချထားတာပါ။

စစ်ကောင်စီချထားတဲ့ထောင်ဒဏ်အရ မြို့တော်ဝန်ဦးရဲလွင်ဟာ ဒီနေ့မှာ လွတ်မြောက်ရမှာဖြစ်ပြီး ဦးကျော်ဇေယျကတော့ ဒီလ နိုဝင်ဘာလ ၂၃ ရက်မှာ လွတ်ရမှာဖြစ်တယ်လို့ မန္တလေး နိုင်ကျဉ်း အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ ပြန်လွှတ်ပေးဖို့အစီအစဉ်မရှိဘဲ မန္တလေး စည်ပင်မှာတာဝန်ထမ်းဆောင်ချိန် အလွဲသုံးစားလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမှုထပ်တိုးထားတယ်လို့ သိရပါတယ်။

တဖက်မှာတော့ ထောင် ၂နှဏ်စီချထားတဲ့ မန္တလေးတိုင်းဝန်ကြီး ၂ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွှတ်ပေးလာပါတယ်။

မန္တလေး စိုက်ပျိုးမွေးမြူဝန်ကြီးနဲ့ သံယဇာတဝန်ကြီးကို ပြစ်ဒဏ်စေ့လို့ ပြန်လွှတ်ပေးတာလို့ အကြောင်းပြထားပါတယ်။

မန္တလေးမြို့ခံတွေကတော့ မြို့တော်ဝန်ဒေါက်တာရဲလွင်ကို ထောက်ခံသူလုထုရှိတဲ့အတွက် စစ်ကောင်စီဟာ ပြန်မလွှတ်ပေးရဲတာဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။

You May Also Like

သတင်း

မနေ့ကညပိုင်း ၁၀ နာရီဝန်းကျင်မှာ အိမ်ရာ ဝင်ထွက်ပေါက်တွေကို ပိတ်လိုက်ပြီး အချုပ်ကားပါ ခေါ်လာကာ အင်အားအများအပြားနဲ့တိုက်ခန်းတွေကို စစ်ဆေးခဲ့တာပါ။

သတင်း

တိုက်ခိုက်မှုအသေးစိတ်ကိုတော့ ဖောက်ခွဲမှုမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ လုံခြုံရာနေရာကိုရောက်မှ ဆက်လက်ထုတ်ပြန်အသိပေးမယ်လို့သိရပါတယ်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

သတင်း

"ညနေ ၅ နာရီ လောက်က ဖမ်းခံရတယ်လို့ သိရပါတယ်။ ဘာမှအဆက်အသွယ်မရသေးတဲ့အတွက် အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ မြေပြင်သပိတ်ရဲဘော်တချို့ကိုလည်း ရှောင်သင့်သူတွေ ရှောင်ကြဖို့ သတိပေးထားပါတယ် "ဟု ၎င်းက ဆိုသည်။