Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် အရက်ဝယ်လာသည့်ရဲနှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဥ် ခုခံတိုက်ခိုက်၍ သေဆုံး

ဆားလင်းကြီးမြို့နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုရှိရာ မြို့ပေါ်နေရာများကိုလည်း မကြာခဏ တိုက်ခိုက်နေသည်။

ဆားလင်းကြီး
ဆားလင်းကြီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အရက်ဝယ်ပြန်လာသော ရဲနှစ်ဦးအား ဖမ်းဆီးစစ် ဆေးရန်ပြင်ဆင်နေစဥ် ခုခံတိုက်ခိုက်၍ ရှင်းလင်းခဲ့ကြောင်း Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဆားလင်းကြီးမြို့နယ်၊ ပုသိမ် – မုံရွာလမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် တန်ဆောင်တိုင်ည သောက်စားရန် အရက်ဝယ်ပြီးပြန်လာချိန် ရဲဘော်များနှင့်တွေ့ရှိကာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးစဥ် ပြန်လည်ခုခံသောကြောင့် ရှင်းလင်းခဲ့ရကြောင်း Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းမရှိချိန် CGYDF၊ Triple Two နှင့် MTOF အဖွဲ့တို့က ဒေသတွင်း နယ်မြေတည်ငြိမ် ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်စဥ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု CGYDF အဖွဲ့က ဆိုသည်။

“တန်ဆောင်တိုင်ည မူးရူးဖို့ ပါဆယ်ထွက်ဆွဲချိန် နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်များနဲ့တိုးတာပါ။

ဖရဲသီးရဲ့သတင်းပေးပို့မှုအရ အဲဒီရဲနှစ်ယောက်က အမှတ်(၂၈)ရဲတပ်ရင်းကလို့ သိရပါတယ်။ အမှတ်(၂၈)ဆိုတာက ယင်းမာပင်မြို့နယ်မှာ စစ်တပ်တပ်စွဲထားတဲ့ ရွှေတောင်ဦးကုန်းရဲ့ တောင်ဘက် ၁မိုင်အကွာ ပုသိမ်-မုံရွာ လမ်းဘေးကပါ။”ဟု Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ ရဲနှစ်ဦးထံမှ အိတ်ဆောင်ဓားနှင့် လက်ပစ်ဗုံးတစ်လုံးသာပါ၍ သိမ်းဆည်းခဲ့ကြောင်း Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

ထိုဖြစ်စဥ်ကို Chindwin Galone Yarzar Guerilla Defense Force၊ Triple Two Task Force၊ Monywa Trust Of Force အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

“အဲဒီနေ့ညနေပိုင်းက ဆားလင်းကြီးရဲစခန်းဘက် သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားလိုက်ရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်စီးနေသည့် စစ်အုပ်စုများကျဆုံးသည် အထိ ကြိုးစား‌ဆောင်ရွက်သွားမည်ဟု Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ဖြည့်စွက်ပြောကြားသည်။

ဆားလင်းကြီးမြို့နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုရှိရာ မြို့ပေါ်နေရာများကိုလည်း မကြာခဏ တိုက်ခိုက်နေသည်။

You May Also Like

သတင်း

"ဒရုန်းနဲ့တိုက်ခိုက်တာ ဝိုင်းဖွဲ့နေတဲ့နေရာကိုကျတယ်။ အနည်းဆုံး သုံးကောင်သေတယ်။ ဒဏ်ရာရရှိမှုများလည်း ရှိပါတယ်"ဟု ကိုသက်ကြီးက ဆိုသည်။

သတင်း

ယမန်နေ့က စစ်ယာဉ် နှစ်စီး မိုင်းဆွဲခံရပြီးနောက် ရန်ကုန်မှ စစ်တွေသို့လာသည့် ခရီးသည်တင်ကားနှင့် ကုန်ကားများကို သွားလာခွင့်ပိတ်ထား၍ ကားအစီးရေ ၁၀၀ ကျော် ယနေ့အထိ ပိတ်မိနေဆဲဖြစ်သည်ဟုဆိုသည်။

နိုင်ငံတကာ

ဖေဖော်ဝါရီလတုန်းကတော့ ကမ္ဘာတလွှားမှာ အပတ်စဉ် ကိုဗစ်ကြောင့် သေဆုံးသူ ၇၅၀၀၀ လောက်ထိ များပြားခဲ့ဖူးပါတယ်။

သတင်း

နိုဝင်ဘာ ၁၀ရက် နံနက်အစောပိုင်း၌ ဝင်းစိန် ကျေးရွာမှ အရပ်သားကို ဖမ်းပြီးပြန်လာသည့် နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။