Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် ထန်းတော၌ ဝိုင်းဖွဲ့ထိုင်နေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်တိုက်ခိုက်

“ဒရုန်းနဲ့တိုက်ခိုက်တာ ဝိုင်းဖွဲ့နေတဲ့နေရာကိုကျတယ်။ အနည်းဆုံး သုံးကောင်သေတယ်။ ဒဏ်ရာရရှိမှုများလည်း ရှိပါတယ်”ဟု ကိုသက်ကြီးက ဆိုသည်။

(Zero ပြောက်ကျားတပ်ဖွဲ့၏ ဒရုန်းစစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)
(Zero ပြောက်ကျားတပ်ဖွဲ့၏ ဒရုန်းစစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် ထန်းတော၌ဝိုင်းဖွဲ့ထိုင်နေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (နိုဝင်ဘာ၁၁ ရက်) နံနက် ၁၀ နာရီ ၄၅မိနစ်အချိန်တွင် ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ထီးဆောင်းရွာ၏အရှေ့ဘက် ထန်းတော၌ ဝိုင်းဖွဲ့ထိုင်နေစဥ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“ဒရုန်းနဲ့တိုက်ခိုက်တာ ဝိုင်းဖွဲ့နေတဲ့နေရာကိုကျတယ်။ အနည်းဆုံး သုံးကောင်သေတယ်။ ဒဏ်ရာရရှိမှုများလည်း ရှိပါတယ်”ဟု ကိုသက်ကြီးက ဆိုသည်။

မြင်းမူမြို့နယ်သည် မုံရွာ-မန္တလေးလမ်းပေါ်တွင်ရှိပြီး စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏတိုက်ခိုက်နေသည်။

Zero ပြောက်ကျားတပ်ဖွဲ့သည် ယနေ့နံနက်ပိုင်းကလည်း မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်ရှိ ကင်းစောင့်စစ်ကောင်စီတပ်အား ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် အနီးကပ် ဖြတ်တိုက်ခံရသဖြင့် အကျဆုံးများကာ အထိနာခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ဗီဒီယို

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း သူဟာ သမ္မတ ဝီဒိုဒိုနဲ့ သဘောထား တူညီတယ်လို့ ဆိုပါတယ်။ မြန်မာ စစ်အာဏာပိုင်တွေဆီ ထင်ရှားတဲ့ သတင်းစကားမျိုး ပေးပို့ဖို့အတွက် အာဆီယံဟာ နောက်ထပ် ခြေလှမ်းသစ်တွေ လိုအပ်နေပြီလို့ ဝန်ကြီးချုပ် လီက ပြောပါတယ်။

သတင်း

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။