Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည် – ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီတပ်သည် အနီးကပ် ဖြတ်တိုက်ခံရသဖြင့် အကျဆုံးများကာ အထိနာခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

တန့်ဆည် - ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ် အား PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်
တန့်ဆည် - ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ် အား PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

▪️စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူလူငယ်တစ်ဦးအား ပစ်သတ်သွား၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ကံထူးမလမ်းတလျှောက်တွင် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက အနီးကပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် ကျဆုံးမှုများပြားကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) နံနက် ၈နာရီ ၁၅မိနစ်ခန့်ကစတင်ကာ တန့်ဆည်မြို့နယ် ကံထူးမဘက်မှ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ကျော်ပါ ခမရ (၃၆၈) တပ်အားရေရှင်ကုန်းရွာအနီးတွင် TPC တပ်ရင်း (၂၅)၊ တန့်ဆည် (ပ.က.ဖ)တို့က အနီးကပ်(မီတာ ၃၀မှ၄၀အတွင်း) ကြာ ကြားဖြတ်တိုက်ခိုက်နိုင်ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် နံနက် ၉ နာရီမှ ၁၁နာရီအတွင်း တန့်ဆည်သို့ ပြန်လာသော ထိုစစ်ကောင်စီတပ်အား ရွှေဘိုခရိုင်တပ်ရင်း (၆)၊(၇)၊Taze Tigerတို့က တန့်ဆည်-ကံထူးမလမ်းတလျှောက် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ၂နာရီကြာ တိုက်ပွဲဲပြင်းထန်ခဲ့သည်။

စစ်ကောင်စီတပ်သည် အနီးကပ် ဖြတ်တိုက်ခံရသဖြင့် အကျဆုံးများကာ အထိနာခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် ယနေ့ညနေ ၅ နာရီခွဲခန့်ကလည်း သပြေရင်းရွာမှထွက်လာသော စစ်ကောင်စီတပ်များအား ဝရငယ်မူးဘောင်အနီးတွင် ပဒေသာမိုင်း ၄လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံး၍ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း Kaduma Platform က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အလောင်းနှင့် ဒဏ်ရာရ စစ်သားများကို တန့်ဆည်လမ်းဆုံဘက်သို့ ထမ်းသယ်သွားကြကြောင်း Kaduma Platform က အသိပေးသည်။

“ဒီိမနက်အထိနာခဲ့တဲ့ စစ်အုပ်စုထဲကတချို့က တန့်ဆည်ကို ပြန်ရောက်ပြီ။ ခရမ်းခြံ၊သပြေရင်းနဲ့ လမ်းတလျှောက်နောက်ချန်များရှိနိုင်ပါသေးတယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကံထူးမကျေးရွာကို နိုဝင် ဘာ ၉ ရက် မွန်းလွဲပိုင်းက စတင်ဝင်ရောက်ခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီတပ်သည် အသက်၂၅နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားသည်။

ထို့အပြင် ကံထူးမကျေးရွာအတွင်းရှိ နေအိမ်နှင့် စျေးဆိုင်များအား ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက်တွင်လည်း ကံထူးမရောက် စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ကို စက်လက်များ၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီးကျေးရွာအချို့တွင် လက်နက်ကြီးကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တန့်ဆည်မြို့နယ်တွင် နိုဝင်ဘာလ ပထမပတ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးထားသည်။

You May Also Like

သတင်း

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

သတင်း

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယို

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း သူဟာ သမ္မတ ဝီဒိုဒိုနဲ့ သဘောထား တူညီတယ်လို့ ဆိုပါတယ်။ မြန်မာ စစ်အာဏာပိုင်တွေဆီ ထင်ရှားတဲ့ သတင်းစကားမျိုး ပေးပို့ဖို့အတွက် အာဆီယံဟာ နောက်ထပ် ခြေလှမ်းသစ်တွေ လိုအပ်နေပြီလို့ ဝန်ကြီးချုပ် လီက ပြောပါတယ်။

သတင်း

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။