Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကာင်စီ၏​ကောလင်းမြို့နယ်တွဲဖက်တရားသူကြီးပါဆယ်ဗုံး​ပေါက်၍​သေဆုံး

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

စစ်ကာင်စီ၏​ကောလင်းမြို့နယ်တွဲဖက်တရားသူကြီးပါဆယ်ဗုံး​ပေါက်၍​သေဆုံး
စစ်ကာင်စီ၏​ကောလင်းမြို့နယ်တွဲဖက်တရားသူကြီးပါဆယ်ဗုံး​ပေါက်၍​သေဆုံး

▪︎ဒုတိယ​မြောက်တရားသူကြီး အသတ်ခံရခြင်းဖြစ်

စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်း​ဆောင်​နေ​သောကောလင်းမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး ဦးဘရန်ဆိုင်းသည် တရားရုံးတွင်ယ​နေ့ ပါဆယ်ဗုံး​ပေါက်၍ ​သေဆုံးသွားသည်။

” မြို့နယ်တရားသူကြီးက အသတ်ခံရမှာကြောက်လို့ခွင့်ယူထားတာ။ အဲ့ဒါနဲ့ ဦးဘရန်ဆိုင်းက ရုံးသွားထိုင်တာ။ မနက်က ဗုံးကွဲပြီး သေဆုံးသွားတယ်” ဟု ကောလင်းမြို့မှ တရားရေးဝန်ထမ်းတစ်ဦးက People’s Spring သို့ပြောသည်။ သို့​​သော် မည်သည့်အဖွဲ့က ပါဆယ်ဗုံးဖြင့် ​ဖောက်ခွဲတိုက်ခိုက်​ကြောင်းကိုမူ မသိရ​သေး​ပေ ။

စစ်ကောင်စီလက်အောက်မှတရားသူကြီးများ နောက်ကျောလုံလုံနေနိုင်တော့မည် မဟုတ်​ကြောင်းသာဓကပင်ဖြစ်ကြောင်း အခြား CDMတရားရေးဝန်ထမ်းတစ်ဦးကလည်းပြောသည်။

ဦးဘရန်ဆိုင်းသည် စစ်​ကောင်စီလက်​​အောက်ခံတရားသူကြီးများတွင် ဒုတိယမြောက် သုတ်သင်ရှင်းလင်းခံရသည့်တရားသူကြီးဖြစ်သည်။အောက်တိုဘာ ၅ရက်က မူဆယ်မြို့ နယ် တရားသူကြီး ရာဇာမင်းစိုး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ထို့အပြင် စစ်​ကောင်စီဖွဲ့စည်းခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်ဦးစန်းလွင်သည် အောက်တိုဘာ ၁၂ရက်က ရုတ်တရက်အသက်ရှုကျပ်ပြီး နှလုံးရပ်ကာသေဆုံးသွားခဲ့သည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော တရားသူကြီးများသည် ပစ်မှတ်ထားသုတ်သင်ရှင်းလင်းခံရမည်ကိုကြောက်လန့်၍ နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံး၌ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရရေး ကြိုးစားနေကြသည်ဟု တရားရေးအသိုင်းအဝိုင်းမှ သတင်းရရှိသည်။

မြို့နယ်၊ခရိုင်၊တိုင်းနှင့်ပြည်နယ်အဆင့်တရားရုံးများမှတရားသူကြီးအချို့သည် လုပ်ကြံခံရမည်စိုးကာ နေပြည်တော်သို့ပြောင်းရွှေ့ခွင့်ရရေးကြိုးစားနေကြခြင်းဖြစ်​ကြောင်း တရားသူကြီးတစ်ဦးကပြောသည်။နေပြည်တော်တွင် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်အလိုက် တရားရုံးများရှိပြီး ဗဟိုတရားရုံးချုပ်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးလည်း ရှိသည်။ မြို့နယ်၊ခရိုင်၊ တိုင်းနှင့်ပြည်နယ်အဆင့် တရားရုံးများသည် နေ့စဥ် အမှုများစစ်ဆေး အမိန့်ချနေရသလို လုံခြုံရေးလည်း စိတ်မချရဟု တရားသူကြီးအချို့က ဆိုသည်။ ထို့ကြောင့်တရားသူကြီးအချို့သည်နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရေး ကြိုးစားနေကြသည်ဟု သိရသည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ရက်တွင် အင်းစိန်တရားရုံးသို့လာရောက်သည့် လှည်းကူးမြို့နယ် တရားသူကြီးနှင့် ဒုမြို့နယ်ဥပဒေ အရာရှိသည် ရန်ကုန်မြို့ထဲ၌ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည်။ နှစ်ဦးစလုံးဒဏ်ရာရသွားသည်။

You May Also Like

သတင်း

မနေ့က နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးအတွက် အချက် ၁၅ ချက်ပါတဲ့ ကြေညာချက်ကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

“ ဒီဘက်ကတော့ လေယာဉ်နဲ့လာချတဲ့အထိ မထိခိုက် သေးပါ။ ခွေး(စစ်ကောင်စီ)ဘက်ကတော့ မသိရသေး”ဟု ရိုးမတပ်ဖွဲ့ မှတာဝန်ရှိသူက ပြောသည်။

သတင်း

နိုဝင်ဘာ ၁၀ရက် နံနက်က စစ်ကောင်စီ၏ ထောက်ပို့ယာဉ်အား ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနှင့်ဆင်အင်းကြီးရွာအကြား၌ AAက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ စစ်ကောင်စီတပ်က ဆင်အင်းကြီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့သည်။

သတင်း

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။