Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ကမ်းလက်များစစ်ဆင်ရေးနှစ်ခုကို မြန်မာ့တော်ဝင်နဂါးတပ်မတော်(ရန်ကုန်)က လုပ်ဆောင်သည်ဟု ထုတ်ပြန်သည့်အပေါ် တရားဝင်ဖြေရှင်းပေးရန် YUA တောင်းဆို

ယင်းစစ်ဆင်ရေးကို Myanmar Royal Dragon Army -Yangon က ၎င်းတို့အဖွဲ့ နှင့် မဟာမိတ်အဖွဲ့ GZDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကမ်းလက်များစစ်ဆင်ရေးနှစ်ခုကို မြန်မာ့တော်ဝင်နဂါးတပ်မတော်(ရန်ကုန်)က လုပ်ဆောင်သည်ဟု ထုတ်ပြန်သည့်အပေါ် တရားဝင်ဖြေရှင်းပေးရန် YUA တောင်းဆို
ပြည်သူ့ကမ်းလက်များစစ်ဆင်ရေးနှစ်ခုကို မြန်မာ့တော်ဝင်နဂါးတပ်မတော်(ရန်ကုန်)က လုပ်ဆောင်သည်ဟု ထုတ်ပြန်သည့်အပေါ် တရားဝင်ဖြေရှင်းပေးရန် YUA တောင်းဆို

ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခဲ့သည့်စစ်ဆင်ရေးနှစ်ခုကို မြန်မာ့တော်ဝင်နဂါးတပ်မတော်(ရန်ကုန်)MRDA-YGN က ၎င်းတို့လုပ်ဆောင်ဟု ထုတ်ပြန်သည့်အပေါ် တရားဝင်ဖြေရှင်းပေးရန် Yangon UG Association (YUA)မှ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောသည်။

“သူတို့ဖြေရှင်းတဲ့ အနေအထားမှာလည်း သူတို့ကိုယ်တိုင် မစ်ရှင်တွေကိုဝယ်တယ်။ ဝယ်တယ်ဆိုတာက ငွေကြေးထောက်ပံ့ရုံနဲ့ မစ်ရှင်တစ်ခုမဖြစ် ဘူး။ ပစ္စည်းထောက်ပံ့ရုံနဲ့လည်းမဖြစ်ဘူး။ သူတို့က အဖွဲ့အစည်းတစ်ခုကျိမ်းသေတယ်ဆိုရင် သူတို့ရဲဘော်ပါမှ မစ်ရှင်ဖြစ်မှာ။ အဲဒီ့မှာကတည်းက စလွဲနေပါပြီ။ တကယ်မြေပြင်ကိုယ့်ရဲဘော်မရှိဘဲ လုပ်တယ်ဆိုတာက နည်းနည်းရယ်ဖို့ကောင်းတယ်”ဟု ဆရာကျောင်းက ပြောသည်။

ပြည်သူ့ကမ်းလက်များစစ်ဆင်ရေးအဖြစ် အင်းစိန်မြို့နယ် အတွင်း၌ နိုဝင်ဘာ ၉ ရက်က နံ့သာကုန်း အုပ်ချုပ်ရေးမှုးရုံး နှင့်အကျဉ်းဦးစီးဌာန အိမ်ထောင်သည် လိုင်းခန်းများကို Generation Z Defence Force & Supply Army (GZDF)က တိုက်ခိုက်ခဲ့ကြောင်း YUA ကသတင်းထုတ်ပြန်ထားသည်။

ယင်းစစ်ဆင်ရေးကို Myanmar Royal Dragon Army -Yangon က ၎င်းတို့အဖွဲ့ နှင့် မဟာမိတ်အဖွဲ့ GZDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

YUA က MRDA-YGN နှင့် GZDFတို့သည် မဟာမိတ်ဖွဲ့စည်းထားခြင်းမရှိကြောင်း ဆရာကျောင်းကပြောသည်။

“ကျွန်တော်တို့ MRDA ရန်ကုန်အား GZDFတာဝန်ခံအနေနဲ့လာရောက်ဆက်သွယ်ပြီး Mission လုပ်မည့်အတွက် ထောက်ပံပေးပါရန် အကူအညီတောင်းခံခဲ့သည်။ ကျွန်တော်တို့ MRDAအနေဖြင့် ယင်းလာရောက်ချိတ်ဆက်သူအား လိုအပ်သည့် ပစ္စည်းနှင့် missions စရိတ်ကိုချပေးပြီး ပူးတွဲ mission လုပ်ဆောင်ရန်သဘောတူညီခဲ့ကြပါတယ်”ဟု MRDA Yangon တပ်ဖွဲ့က ပြန်လည်ထုတ်ပြန်ထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ MRDA-YGN ၏ ‌တရားဝင်ပေ့ခ်ျသို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်‌ဖြေကြားခြင်းမရှိပေ။

“ဒီကိစ္စကို ရေဆုံး မြေဆုံးရှင်းမှာ ။ အဲဒီလိုခဏခ ဏ ဖြစ်နေရင် မြေပြင်မှာ အရမ်းနစ်နာတယ်။ နစ်နာတယ်ဆိုတာက မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေ တကယ်မလုပ်တဲ့ အဖွဲ့အစည်းဆီကို လက်နက်ခဲယမ်း သို့မဟုတ် တစ်ခုခုရောက်သွားခြင်းက တော်လှန်ရေးကို နှောင့်နှေးစေတာပဲလို့ယူဆတယ်”ဟု ဆရာကျောင်းက ပြောသည်။

YUA အဖွဲ့အနေဖြင့် ယခင်ကလည်း ရန်ကုန်မြို့၌ အခြားသူများ၏မစ်ရှင်ကိုဖော်ပြ၍ အလှူငွေကောက်ခံနေသော အဖွဲ့အစည်းများကို ဖော်ထုတ် သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

“တော်လှန်ရေးမှာ ရိုးသားဖို့လိုတယ်။ ရိုးရိုးသားသားနဲ့‌ တော်လှန်ရေးလုပ်မှ သာလျှင် အရှေ့ရောက်မယ်လို့ယူဆတယ်”ဟု ဆရာကျောင်းကပြောသည်။

MRDA YGN သည် မြန်မာ့တော်ဝင်နဂါးတပ်မတော်၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်ကြောင်း ၎င်းတို့ပေ့ခ်ျ၌ တရားဝင်ကြေညာထားပြီး ပို့စ်တင် သည့် MRDA Yangon စစ်ရေးသတင်း ပေ့ခ်ျ၌ ၎င်းတို့၏ စစ်ဆင်ရေးသတင်းများကို တင်မည်ဟု နိုဝင်ဘာ ၁၀ ရက်တွင် တရားဝင်ကြေညာခဲ့သည်။

You May Also Like

သတင်း

မြိုင်(ပကဖ)တပ်ရင်း-၁ တပ်ခွဲ-၃သည် နိုဝင်ဘာ ၃ ရက် ညကလည်း မြိုင်အနောက်ဘက် စစ်အုပ်စုစခန်းအား အလစ်အငိုက်တိုက်ခိုက်ရာ ထိခိုက်မှုအချို့ရှိခဲ့သည်။

သတင်း

ယနေ့(နိုဝင်ဘာ ၅)နေ့လယ် ၁၂ နာရီ မိနစ် ၂၀ခန့်က ပုသိမ်မြို့ မြတ်တိုစုပေါင်းရုံးလမ်းရှိ စသုံးလုံးရုံးအား PSTF နှင့် ကန်ကြီးထောင့်(ပကဖ)တို့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့ပြပျောက်ကျားတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

သတင်း

အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးပါဝင်ပြီး ၃၀ အထက်လူရွယ်များလည်း ပါဝင်ကြောင်း၊ ၎င်းလေးဦးအနက် တစ်ဦးမှာ ခင်ဦးဒေသတွင်းအဖွဲ့တစ်ခုမှဖြစ်ပြီး ကျန်သုံးဦးမှာ မြို့ပေါ်၌ လှုပ်ရှားနေသူများဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။