Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့

ယနေ့(နိုဝင်ဘာ ၁၂ရက်)က မော်လမြိုင်မြို့ရှိ မြေနီကုန်းဘူတာအနီး လမ်းဘေးတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခြင်းဟု ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့
မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့

မော်လမြိုင်မြို့ လမ်းဘေးတစ်နေရာတွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်က တွေ့ရှိခဲ့သည်။

ယနေ့(နိုဝင်ဘာ ၁၂ရက်)က မော်လမြိုင်မြို့ရှိ မြေနီကုန်းဘူတာအနီး လမ်းဘေးတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခြင်းဟု ဒေသခံများက ပြောသည်။

“အလောင်းက ပုပ်နေပြီ။ မြို့ပေါ်မှာဖြစ်တဲ့ လူသတ် အလောင်းဖျောက်မှုဗျ။ ​ကြောက်စရာသိပ် ကောင်းနေပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ မည်သူဖြစ်သည်ကို မသိရသေးပေ။

မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၃ရက်ကလည်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရသည်။ ယင်းအမှုတရားခံမမိသေးခင် နောက်တစ်ဦး အသတ်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့၏အာဏာတည်မြဲရေးမှလွဲ၍ ကျန်သည့်အရာများကို အလေးမထားတော့ဘဲ တရားဥပဒေစိုးမိုးမှုလည်း လုံးဝမရှိတော့ဟု ဒေသခံများက ပြောသည်။

“ပြည်သူတွေလဲ အစစအရာရာ သတိထားကြပါဗျာ။ တရားဥပဒေစိုးမိုးမှု မဲ့လာတော့ ခုတလော ဒုစရိုက်မှုတွေများလာပါတယ်။ ပစ္စည်းလုရုံတင်တွေက တော်သေးတယ်။ ခုဟာတွေက လူပါသတ်နေကြတာ ဆိုးပါတယ်”ဟု မော်လမြိုင်မြို့ခံ ကိုဇင်မိုးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

You May Also Like

သတင်း

သားဖြစ်သူ၏ ရုပ်အ​လောင်းကို မြင်​တွေ့ပြီး​နောက်မိခင်ဖြစ်သူပါကွယ်လွယ်သွား​ကြောင်း​နောက်ဆက်တွဲသတင်းများအရသိရသည်။

သတင်း

အဆိုပါ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန်သည် တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ယနေ့ ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီခေါင်းဆောင်အတွက် လုံခြုံရေးသွားယူပေးခဲ့သည့် စစ်တပ်နှင့်ရဲလုံခြုံရေးယာဉ်တန်းသည် ဘီးလင်းမြို့နယ်အတွင်း၌ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။

သတင်း

ဒဏ်ရာရ အမျိုးသားနှစ်ဦးအား ဆေးရုံကြီး OPDသို့ ပို့ဆောင်ခဲ့သော်လည်း လူနာများ အသက်မရှိတော့သဖြင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာက လည်းထုတ်ပြန်ထားသည်။