Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်အုပ်စုကို PDF နှစ်ဦးဝင်ပစ်

ယနေ့ (နိုဝင်ဘာ ၁၂ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ ​မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်​နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်အုပ်စုကို PDF နှစ်ဦးဝင်ပစ်
ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်အုပ်စုကို PDF နှစ်ဦးဝင်ပစ်

▪️စစ်ကောင်စီတပ်သား တစ်ဦးသေ၊ သုံးဦးထက်မနည်း ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများကို PDFနှစ်ဦးဝင် ရောက်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း TBK တောဆင်ရိုင်းပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ ၁၂ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ ​မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်​နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးဘဏ်ရှေ့တွင် ဘန်ကာနှစ်ခုရှိသည့်အနက် တောင်ဘက်ဘန်ကာတွင်ရှိသော စစ်ကောင်စီတပ်သားထံ (၈)ပေခန့်အကွာထိ သွားရောက်ကာ (၅)ချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ၎င်းစစ်သားသည် ဦးခေါင်းပွင့်ထွက်ကာ ဦးထုပ်များပါ ကျွတ်လျက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ မြောက်ဘက် ဘန်ကာမှ သေနတ်မောင်းတင်ကာထွက်လာသော စစ်​ကောင်စီတပ်သားရှိသည့်နေရာကိုလည်း ဗုံးတစ်လုံး ပစ်ထည့်ကာတိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦးထက်မနည်းရှိနိုင်ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“စီးပွားရေးဘဏ်ရှေ့ ပစ်ခတ်မှုဖြစ်တယ်လို့ကြားတယ်။ စစ်သားတစ်ဦးသေတယ်လို့ပြောတယ်။”ဟု ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်ပြောက်ကျားတပ်ဖွဲ့နှင့် M.T Black Dragon People Defence Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်ရန်ပြည်သူများလည်း နိုင်သလောက်ပါဝင်လှူဒါန်းပေးကြရန် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားသည်။

နိုဝင်ဘာလဆန်းပိုင်းက မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့်စစ်ကောင်စီတပ်များလည်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခံခဲ့ရသေးသည်။

You May Also Like

သတင်း

ကံကြီးကုန်းကျေးရွာမှ ပျူစောထီးများနှင့် သူပစ် ကိုယ်ပစ် ရုပ်ရှင်ဆန်ဆန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက်ပေးခဲ့ရသော ပြည်သူများ၊ PDFများအတွက် လက်တုန့်ပြန်နိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRA တာဝန်ခံက ပြောသည်။

သတင်း

ဘုတ်ပြင်းမြို့နယ်မှ ဆီအုန်းခြံလုပ်သား ကိုဟိန်းမင်းကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ရက် တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာ၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခြင်း ဖြစ်သည်။

သတင်း

နိုဝင်ဘာ ၈ ရက်နဲ့ နိုဝင်ဘာလ ၉ ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ၂ ဖက်အကျအဆုံးရှိတယ်လို့ မန္တလေးPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးက ပြောပါတယ်။

ဆောင်းပါး

ရာဇဝတ်မှုများထူ​ပြောလာခြင်းနှင့်ပတ်သပ်၍ ပြည်တွင်းလူနေမှုစစ်တမ်းများ စာတမ်းပြုစုခဲ့သည့် ကိုသူရိန်က "စစ်တပ်ရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတာတွေအားလုံးက သူတို့နဲ့ အလုံးစုံသက်ဆိုင်တယ်။အခုလို မိုက်ကြေးခွဲလုယက်မှုတွေ၊လုယက်သူတွေကို လျစ်လျူရှုပြီး စစ်တပ်ကို ပုန်ကန်သူတွေကိုပဲ အဓိကထား ဖမ်း ဆီးနေသမျှ ကာလပတ် လုံး ပြည်သူတွေအနေနဲ့လည်း ဘယ်တော့မှ လုံခြုံနိုင်မှာမဟုတ်သလို နိုင်ငံရဲ့အခြေခံစနစ်တွေဖြစ်တဲ့ စီးပွားရေး၊ကျန်း...