Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ် ပျုစောထီးခေါင်းဆောင် ရပ်ကျေးအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

တံငါမြောက်ရွာအုပ်ချုပ်ရေးမှူးဟာ ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး မျက်လုံးကို တိတ်ကပ်နှိပ်စက်စစ်ဆေးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာထွက်ခဲ့ပါသေးတယ်။

မတ္တရာမြို့နယ်
မတ္တရာမြို့နယ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဗောဓိရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းက အသိပေးပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းဟာ မတ္တရာမြို့နယ်ရဲ့ စစ်ကောင်စီလက်အောက်ခံ ပျုစောထီးခေါင်းဆောင်လည်းဖြစ်တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းကဆိုထားပါတယ်။

စစ်အုပ်စုဘက်ရဲ့ သတင်းမှာတော့ ဦးအောင်ကျော်ဝင်းဟာ နိုဝင်ဘာလ ၉ ရက်က မတ္တရာမြို့နယ် ၊သရက်တောကျေးရွာအုပ်စုထဲက စားသောက်ဆိုင်မှာထိုင်နေချိန် ဆိုင်ကယ် ၂ စီးနဲ့ရောက်လာတဲ့ အမျိုးသား ၆ ဦးက ပစ်ခတ်သွားတာလို့ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းကလည်း မတ္တရာမြို့နယ် တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးဟာ မန္တလေး − မိုးကုတ်လမ်းမှာ ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။

တံငါမြောက်ရွာအုပ်ချုပ်ရေးမှူးဟာ ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး မျက်လုံးကို တိတ်ကပ်နှိပ်စက်စစ်ဆေးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာထွက်ခဲ့ပါသေးတယ်။

You May Also Like

သတင်း

ထို့အပြင် ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ တတခေါ့ပွကျေးရွာတွင်နေထိုင်သည့် အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ အကြောင်းမဲ့သတ်ဖြတ်ပစ်ခဲ့သည်ဟု ကေအဲန်ယူကဆိုသည်။

သတင်း

နယ်ထိန်းရဲ သန့်ဇော်ဦးသည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ပန်ကန်းရပ်ကွက်အတွင်းမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

သတင်း

တပ်တွင်း၌ အုပ်ချုပ်မှုလျော့နည်းမှုကြောင့် ဖြစ်ပြီး ထွက် ပြေးနေသူများပြားကြောင်း၊ ၎င်းတို့နှစ်ဦး မပြေး မီ နာရီပိုင်းအတွင်းပင် တပ်သားတစ်ဦးအရင်ပြေးခဲ့ကြောင်း CDM တပ်သားနှစ်ဦးက ထွက်ဆိုသည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများအား လူနာတင်ယာဥ်ငါးစီးဖြင့် လာရောက်သယ်ဆောင်သည့်အပြင် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ် ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။