Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်မှု စခန်းမှူးအပါအဝင် ရဲ သုံးဦးသေ၊ လက်နက်မျိုးစုံ ၇လက်ရဟု နဂါးနီစစ်ကြောင်း အသိပေး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်နှင့်အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြသည်။

(ဖမ်းမိသော ရဲများနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)
(ဖမ်းမိသော ရဲများနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)

▪️KNLAပူးပေါင်းတပ်နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ထိခိုက်မှုမရှိ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့မှ တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံး၊ နှစ်ဦးထွက်ပြေးပြီး လေးဦးအရှင်ဖမ်းမိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ယနေ့ နံနက်တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ရက်က ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်ခဲ့ရာ စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးခဲ့သည်ဟု ဆိုသည်။ ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ ထွက်ပြေးသွားပြီး တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအတွင်း AK 47တစ်လက်၊M16 ၄လက်၊G3 တစ်လက်၊၆၀ မမပြောင်းတို တစ်လက်၊ရှေ့ထွက်မိုင်း ၂လုံး၊AK 47 ကျည် ၂၀၀၊M16 ကျည်၅၀၀၊G3 ကျည် ၃၀၀၊(၆၀)မမကျည် ၁၀လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပြီးချိန်တွင် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များအထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်နှင့်အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြသည်။

Facebook

You May Also Like

သတင်း

မြိုင်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအခြေစိုက် PDFအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေသည်။

သတင်း

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများကို သထုံဘက်သို့ သယ်ဆောင်သွားသကဲ့သို့ ဘီးလင်းဘက်သို့ သယ်ဆောင်သွားခြင်းလည်းရှိကြောင်း ၎င်းကဆိုသည်။

သတင်း

စစ်ကောင်စီတပ်ဘက်မှ နံနက်ခုနှစ်နာရီမှ ကိုးနာရီကျော်အထိ တိုက်လေယာဉ်သုံးစီး၊ ရဟတ်ယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယခုအချိန်အထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်း

“ ဒီဘက်ကတော့ လေယာဉ်နဲ့လာချတဲ့အထိ မထိခိုက် သေးပါ။ ခွေး(စစ်ကောင်စီ)ဘက်ကတော့ မသိရသေး”ဟု ရိုးမတပ်ဖွဲ့ မှတာဝန်ရှိသူက ပြောသည်။