Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်တိုက်ပွဲတွင် PDFအဖွဲ့ကားနှင့်ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရ

ယမန်နေ့(နိုဝင်ဘာ ၁၂ ရက်)မွန်းလဲပိုင်းကဝက်လက်မြို့နယ်၊ ရေသောက်ကန်နှင့် ပေါက်ကန်ရွာကြားတွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအထက်ပါတာဝန်ခံကပြောသည်။

(မီးရှို့ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ရစဥ်။ဓါတ်ပုံ-ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်)
(မီးရှို့ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ရစဥ်။ဓါတ်ပုံ-ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင် စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိသော်လည်း ကားနှစ်စီး၊ဆိုင်​လေးစီးနှင့်စစ်အသုံးအဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁၂ ရက်)မွန်းလဲပိုင်းကဝက်လက်မြို့နယ်၊ ရေသောက်ကန်နှင့် ပေါက်ကန်ရွာကြားတွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအထက်ပါတာဝန်ခံကပြောသည်။

လက်နက်အင်အားလူအင်အား မမျှတသဖြင့် ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ပွဲတွင်းအသုံးပြုနေသော ကား၂စီးနှင့်ဆိုင်ကယ် လေးစီးအား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံက ပြောသည်။

(မီးရှို့ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ရစဥ်။ဓါတ်ပုံ-ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်)
(မီးရှို့ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ရစဥ်။ဓါတ်ပုံ-ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်)

“ပေါက်ကန်ဘက်ရောက်နေလို့ ကားနဲ့သွားထုဖို့ သွားတဲ့ချိန် ပြည်သူအသွင်ယူပြီးပစ်တာ။ လည်ပတ်အနီနဲ့ကောင်တွေက နောက်ထပ်ထပ်ရောက် လာပြီး စက်သေနတ်နဲ့ဆွဲပြီး RPGနဲ့ ထုတာ။ ကားပေါ်ကဆုံးရှုံးမှုတန်ဖိုး သိန်းနှစ်ရာလောက်ရှိတယ်။ စိန်ပြောင်းနဲ့ကျည် အမြောက်အများဆုံးရှုံးခဲ့တယ်။”ဟု ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဝက်လက်နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားရွာအပါအဝင် ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူများ သေဆုံးထိခိုက်မှုရှိနေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်နေ၍ ကျေးရွာအများအပြား အိမ်မပြန်နိုင်သေး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့အချို့ ယမန်နေ့ညနေပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ရိုးသားများတပ်ပေါင်းစု တာဝန်ခံက ပြောကြားသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)ညနေပိုင်းက စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန်ရွာကိုစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ ထိုစစ်ကြောင်းသည်...

သတင်း

ကံကြီးကုန်းကျေးရွာမှ ပျူစောထီးများနှင့် သူပစ် ကိုယ်ပစ် ရုပ်ရှင်ဆန်ဆန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက်ပေးခဲ့ရသော ပြည်သူများ၊ PDFများအတွက် လက်တုန့်ပြန်နိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRA တာဝန်ခံက ပြောသည်။

သတင်း

ဘုတ်ပြင်းမြို့နယ်မှ ဆီအုန်းခြံလုပ်သား ကိုဟိန်းမင်းကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ရက် တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာ၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခြင်း ဖြစ်သည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၁၂ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ ​မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်​နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။