Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်တွင် တိမ်းရှောင်ပြည်သူများ၏ မြေပဲခင်းလသိမ်းသည့် ပျူအဖွဲ့အား ပစ်ခတ်တိုက်ခိုက်

မြေပဲဖော်နေသည့်ကာလဖြစ်သည့် နိုဝင်ဘာလအတွင်း၌ မြိုင်နယ်ရှိ ပျူစောထီးအဖွဲ့ဝင်များသည် တိမ်းရှောင်ပြည်သူများ၏ မြေပဲခင်းများအား ဝင်ရောက်သိမ်းယူနေ၍ ဒေသတွင်းPDFအဖွဲ့များက ပစ်ခတ်တိုက်ခိုက်နေသည်။

မြိုင်နယ်တွင် တိမ်းရှောင်ပြည်သူများ၏ မြေပဲခင်းလသိမ်းသည့် ပျူအဖွဲ့အား ပစ်ခတ်တိုက်ခိုက်
မြိုင်နယ်တွင် တိမ်းရှောင်ပြည်သူများ၏ မြေပဲခင်းလသိမ်းသည့် ပျူအဖွဲ့အား ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ၏ မြေပဲခင်းများလာသိမ်းသည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ ပျူခြောက်ဦးသေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ၁၂ ရက်) နံနက် ၇နာရီ၁၀မိနစ် ခန့်က ပျူစောထီးအင်အားကောင်းရာ သရက်ကန်ရွာ၏ တောင်ဘက် ၃ဖာလုံခန့်အကွာတွင် ကျေးရွာမှ တိမ်းရှောင်နေရသည့် ရွာသူ၊ရွာသားများ စိုက်ပျိုးထားသော မြေပဲခင်းအား ပျူစောထီး ၁၀ ဦးက မြေပဲခင်း လာသိမ်းခဲ့ကြသည်။

အဆိုပါ ပျူစောထီးများကို ညကတည်းက သတင်းကြိုရ၍ စောင့်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ မြေပဲဖော်နေသော ပျု၁၀ဦးကို ၁၀ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခြောက်ဦးမှာနေရာမှာပင် သေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရကာ ကျန်တစ်ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

“ရွာသူ၊ ရွာသားတွေစိုက်ထားခဲ့တဲ့ ​မြေပဲခင်းကို ဝင်ယူကြတာ။ ကိုယ့်ဘက်ပါတဲ့သူတွေက ပျူရွာ​ကိုမနေရဲကြတော့ဘူး။ ရှောင်သွားကြပြီ။ ရှောင် တဲ့သူတွေရဲ့မြေပဲခင်းတွေကို ဝင်နူတ်တာ။ သတင်းပေးတဲ့သူရှိလို့ ညကတည်းကစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။”ဟု မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သရက်ကန်ရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့်ပျူများသည် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့လည်း အဖွဲ့သားများ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်းက ကျဆုံးခဲ့သော ရဲဘော် ငါးဦးအား နှိပ်စက်သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် သရက်ကန်ကျေးရွာပျူစောထီးအဖွဲ့အား လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ MUGSF တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြေပဲဖော်နေသည့်ကာလဖြစ်သည့် နိုဝင်ဘာလအတွင်း၌ မြိုင်နယ်ရှိ ပျူစောထီးအဖွဲ့ဝင်များသည် တိမ်းရှောင်ပြည်သူများ၏ မြေပဲခင်းများအား ဝင်ရောက်သိမ်းယူနေ၍ ဒေသတွင်းPDFအဖွဲ့များက ပစ်ခတ်တိုက်ခိုက်နေသည်။

Facebook

You May Also Like

သတင်း

မြိုင်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအခြေစိုက် PDFအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေသည်။

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

“အထိအခိုက်အတိအကျတော့ မသိဘူး ။ဒါပေမဲ့ ဟက်စကီးတောင်လာပြီးမှ တနိုင်းဘက်မှာ ဆင်းပြီးလူနာသယ်သွားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

ကန်နီရွာသည် မြိုင်နယ်အတွင်း ပျူအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသတွင်းကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။