Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်မြို့ ဒီချုပ်ပါတီရုံးကို စစ်ကောင်စီ ဖျက်ဆီး၊ ရုံးမှတ်တမ်းများယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေး သတိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီသည် မိုးမောက်မြို့တွင် စစ်ရေးတင်းမာနေပြီး နိုဝင်ဘာ ၁၁ရက်မှစ၍ တိုက်ပွဲပြန်ဖြစ်နေသည်။

မိုးမောက်မြို့ ဒီချုပ်ပါတီရုံးကို စစ်ကောင်စီ ဖျက်ဆီး၊ ရုံးမှတ်တမ်းများယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေး သတိပေး
မိုးမောက်မြို့ ဒီချုပ်ပါတီရုံးကို စစ်ကောင်စီ ဖျက်ဆီး၊ ရုံးမှတ်တမ်းများယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေး သတိပေး

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးပြီး ရုံးမှတ်တမ်းများကို ယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေးသတိပြုကြရန် ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားများက ပြောသည်။

မိုးမောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးကို စစ်ကောင်စီက နိုဝင်ဘာ ၁၂ရက်တွင် ဝင်ရောက်ဖျက်ဆီးခြင်း ဖြစ်သည်။ ရုံးတွင်ထားရှိသော ပါတီဝင်လျှောက်လွှာများအားလုံးနှင့် မှတ်တမ်းများကို ယူဆောင်သွားသည်ဟု ကချင်ပြည်နယ်မှ ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားများက ပြောသည်။

“လက်ရှိ စစ်ပွဲပြင်းထန်လျက်ရှိသော ကချင်ပြည် နယ် မိုးမောက်မြို့တွင် NLDရုံးကို ဝင်ရောက်ဖျက်ဆီးပြီး ပါတီဝင်လျှောက်လွှာများအားလုံးနှင့် မှတ်တမ်းများ သယ်ယူသွားပါသည်။ပါတီဝင်ပြည်သူများ ဘေးရန်ကင်းရန် သတိထားနိုင်ရန် အကြောင်းကြားအပ်ပါသည်”ဟု ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက သတိပေးထားသည်။

စစ်ကောင်စီတပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင်များနှင့်အမတ်များကို ပုဒ်မမျိုးစုံတပ်၍ လိုက်လံဖမ်းဆီးနေသည်။ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း ပါတီဝင် ၁,၁၆၉ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၉၀ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒီချုပ်ပါတီက ထုတ်ပြန်ထားသည်။

ယင်းတို့ထဲမှ ၁၉ဦးသည် နှိပ်စက်ခံရခြင်း၊ ဆေးကုသမှုမရရှိခြင်းတို့ကြောင့် သေဆုံးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီသည် မိုးမောက်မြို့တွင် စစ်ရေးတင်းမာနေပြီး နိုဝင်ဘာ ၁၁ရက်မှစ၍ တိုက်ပွဲပြန်ဖြစ်နေသည်။

Facebook

You May Also Like

သတင်း

နိုဝင်ဘာ ၁၀ရက်က မြစ်ကြီးနားမြို့မှ အင်အား ၅၀ပါ ယာဉ်သုံးစီးဖြင့်ဖြတ်သန်းသွားလာစဉ် KIAတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

စစ်ကောင်စီကမူစပါးစိုက်တောင်သူတွေသင့်တော်မျှတ​သော ဈေးနှုန်းနှင့်ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ဈေးနှုန်းသတ်မှတ်ပေးခြင်းဖြစ်သည်ဟု အ​ကြောင်းပြသည်။

သတင်း

ဘုတ်ပြင်းမြို့နယ်မှ ဆီအုန်းခြံလုပ်သား ကိုဟိန်းမင်းကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ရက် တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာ၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခြင်း ဖြစ်သည်။

သတင်း

“အရပ်သားပြည်သူများအပေါ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်မှုတွေဟာ ကြောက်မက်ဖွယ်ကောင်းပြီး ရင်နာစရာကောင်းတယ်”ဟု ၎င်းက ဆက်ပြောသည်။