Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်ဒေသ၌ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်မှုထမ်းနှင့် ရဲဝန်ထမ်း ၅၀၀ကျော်ရှိဟု KIO အသိပေး

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သားနှင့် ရဲများစွာရှိပြီး တော်လှန်ရေးတွင် ပါဝင်ကာ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသူများလည်း ရှိသည်။

ကချင်ဒေသတွင် CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှ အရာရှိများနှင့် တပ်သားမျာဒအားရဂုဏ်ပြုငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်
ကချင်ဒေသတွင် CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှ အရာရှိများနှင့် တပ်သားမျာဒအားရဂုဏ်ပြုငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်

ကချင်ဒေသ၌ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီသို့ ခိုလှုံလာသည့် စစ်မှုထမ်းနှင့် ရဲဝန်ထမ်း ဦးရေ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေး ဌာနက ယမန်နေ့တွင် ဖော်ပြသည်။

စစ်တပ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို မုန်းတီး၍ ၎င်းလက်အောက် မှာ အမှုမထမ်းချင်သည့် စစ်မှုထမ်းများနှင့် ရဲဝန်ထမ်းများ၊ ပညာရှင် အမှုထမ်း အများအပြား KIO အုပ်ချုပ်ရာ နယ်မြေသို့ လာရောက်ခိုလှုံလျက်ရှိရာ ၂၀၂၂ အောက်တိုဘာလကုန်အထိ လူဦးရေ ၅၀၀ ကျော်ရှိလာကြောင်း ကော်မတီတာဝန်ရှိသူ၏ ပြောကြားချက်ကို KIO/KIA သတင်းပြန်ကြားရေးက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကချင်ဒေသတွင် CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှ အရာရှိများနှင့် တပ်သားမျာဒအားရဂုဏ်ပြုငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်
ကချင်ဒေသတွင် CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှ အရာရှိများနှင့် တပ်သားမျာဒအားရဂုဏ်ပြုငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ – ပြည်သူ့ပန်းတိုင်

ခုကဲ့သို့လက်နက်ချ အလင်းဝင်လာသူ များပြားလာ၍ ၂၀၂၁ နိုဝင်ဘာ ၄ရက်မှစ၍ ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီဖွင့်လှစ်ပြီး လက်ခံလျက်ရှိကြောင်း ၊ပြည်သူ့ရင်ခွင် ခိုလှုံလာသူများကို လုံခြုံသည့်နေရာများ၌ ထားရှိကြောင်း ဖော်ပြသည်။

ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီ အောက်တိုဘာလအထိ လာရောက်ခိုလှုံသူ ၅၀၀ ကျော်ရှိပြီး ၎င်းတို့ကို ချီးမြှင့်ငွေများနှင့် အလုပ်နေရာပေးခြင်းများ ရှိခဲ့သည်ဟု ကော်မတီတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သားနှင့် ရဲများစွာရှိပြီး တော်လှန်ရေးတွင် ပါဝင်ကာ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသူများလည်း ရှိသည်။

Facebook

You May Also Like

သတင်း

နိုဝင်ဘာ ၁၀ရက်က မြစ်ကြီးနားမြို့မှ အင်အား ၅၀ပါ ယာဉ်သုံးစီးဖြင့်ဖြတ်သန်းသွားလာစဉ် KIAတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။

သတင်း

NLD အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ (၂)နှစ်ပြည့်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါ လမ်းပိုင်းများရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်များသည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းသည့်ဒေသများဖြစ်သည်။