Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရွာတွင် တိုက်ပွဲဖြစ်

ဒေါငံခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့(နိုဝင်ဘာ ၁၃ရက်) နံနက် ၁၁နာရီခန့်ကစ၍ ၁နာရီကျော်ကြာ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၂)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်)
(အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၂)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းက ထုတ်ပြန်သည်။

ဒေါငံခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့(နိုဝင်ဘာ ၁၃ရက်) နံနက် ၁၁နာရီခန့်ကစ၍ ၁နာရီကျော်ကြာ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မျက်မြင် နှစ်ကောင်သေတယ်ဆိုတာ အတည်ပြုနိုင်တယ်။တိုက်ပွဲက ၁နာရီကျော်အထိ ပြင်းထန်ခဲ့ပြီး စခဘက်က လက်နက်ကြီးပစ်ကူ အဆမတန်ပေးနေလို့ ပြန်ဆုတ်ခဲ့တယ်”ဟု အမှတ် (၁၁၀၂)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ဒေါငံခါးကျေးရွာအတွင်းရှိ ပြည်သူလူထုနေအိမ် များ အပါအဝင် စစ်ကောင်စီက အင်အား ၄၀ခန့်ဖြင့် တပ်စွဲထားကြောင်း အသိပေးသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါငံခါးကျေးရွာသည် KNDFနှင့် နယ်မြေခံ PDF တပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေဖြစ်ခဲ့ဖူးသည်။

သို့သော် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ သာလွန်အင်အား ထိုးစစ်များအသုံးပြု၍ ၂၀၂၂ မတ်လတွင် ဒေါငံခါးကျေးရွာကို ထိန်းချုပ်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်စွဲနေသည့် ဒေါငံခါးကျေးရွာကို အခြေပြု၍ ယခုနှစ်လယ်ပိုင်းကစ၍ ကရင်နီပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက် လျက်ရှိသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်နေ၍ ကျေးရွာအများအပြား အိမ်မပြန်နိုင်သေး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့အချို့ ယမန်နေ့ညနေပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ရိုးသားများတပ်ပေါင်းစု တာဝန်ခံက ပြောကြားသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)ညနေပိုင်းက စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန်ရွာကိုစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ ထိုစစ်ကြောင်းသည်...

သတင်း

ယမန်နေ့(နိုဝင်ဘာ ၁၂ ရက်)မွန်းလဲပိုင်းကဝက်လက်မြို့နယ်၊ ရေသောက်ကန်နှင့် ပေါက်ကန်ရွာကြားတွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအထက်ပါတာဝန်ခံကပြောသည်။

သတင်း

နိုဝင်ဘာ ၈ ရက်နဲ့ နိုဝင်ဘာလ ၉ ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ၂ ဖက်အကျအဆုံးရှိတယ်လို့ မန္တလေးPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးက ပြောပါတယ်။

သတင်း

ပလက်၀တွင် ၂၀၁၉၊ ၂၀၂၀ ကတည်းက စစ်ရှောင် နှစ်သောင်းကျော်ကို ဒုက္ခသည်စခန်းများ၌ ကျွေးမွေးခဲ့ရခြင်းဖြစ်၍ ခြေကုန်လက်ပန်း ကျနေကြပြီဖြစ်ကြောင်း၊ နိုင်ငံတကာကို ရောက်သည့် ပလက်၀ နယ်သားဆိုသည်မှာလည်း အင်မတန်နည်းကြောင်း ၎င်းက ဆိုသည်။