Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့ပေါ်၌ စစ်အုပ်စုတပ်စွဲထားရာ နေရာကို မြို့နယ်(ပကဖ)ဝင်တိုက်

တိုက်ခိုက်မှု အခြေနေနှင့်ပတ်သက်ပြီး သတင်းအချက်အလက်နှင့် ရုပ်သံမှတ်တမ်းကို မကြာမီ ထုတ်ပြန်ပေးမည်ဟုလည်း ရဲဘော်ဝေကြီးက ၎င်း၏ Facebook တွင် အသိပေးထားသည်။

(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)
(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

မကွေးတိုင်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာအချို့ကို ယနေ့ညနေပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

“ရေလယ်ကျွန်းနဲ့ မြောင်ဘက်မှာ မြစ်အရှေ့ဘက်မှာ သူတို့ စစ်ကြောင်းထိုးပြီး ရွာတွေမီးရှို့နေတာပေါ့။ မီးရှို့နေတဲ့အချိန်မှာ ကျနော်တို့ မြို့နယ် ပကဖအနေနဲ့ မြို့ပေါ်မှာရှိတဲ့ စကစ တပ်စွဲထားတဲ့နေရာတွေ ဝင်တိုက်တာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ပျူများ ဆေးကုနေသည့် ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဒဏ်ရာရတဲ့ စစ်ဗိုလ်တွေရော ပျူခေါင်းဆောင် ရော အဲဒီမှာ ဆေးကုနေတာ။ အဲဒီမှာ လုံခြုံရေးတင်းကျပ် ထားတယ် ကျနော်တို့ အဲဒီဆေးရုံကို ဝင်တိုက်တာ။ ခွေးနှစ်ကောင်သေတယ်။ တစ်ကောင်ဒဏ်ရာရတယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

တိုက်ခိုက်မှု အခြေနေနှင့်ပတ်သက်ပြီး သတင်းအချက်အလက်နှင့် ရုပ်သံမှတ်တမ်းကို မကြာမီ ထုတ်ပြန်ပေးမည်ဟုလည်း ရဲဘော်ဝေကြီးက ၎င်း၏ Facebook တွင် အသိပေးထားသည်။

Facebook

You May Also Like

သတင်း

နိုဝင်ဘာ ၁၁ရက် ညနေ ၃ နာရီခွဲခန့်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုအကျဉ်းဦးစီးဌာနမှ ထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသော ကားနံပါတ် CC/6563 ဘင်ကားအား သတင်းကြိုရ၍ မိုင်းခွဲတိုက်ခိုက်ရန် PDFအဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းခဲ့သည်။

သတင်း

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်နှင့်အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြသည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၁၂ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ ​မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်​နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများကို သထုံဘက်သို့ သယ်ဆောင်သွားသကဲ့သို့ ဘီးလင်းဘက်သို့ သယ်ဆောင်သွားခြင်းလည်းရှိကြောင်း ၎င်းကဆိုသည်။