Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ

စစ်တပ်အာဏာသိမ်းပြီး ၈ လအကြာမှာ မတရားဖမ်းဆီးခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ဟာ အင်းစိန်ထောင်မှာ ကျန်းမာရေးအလွန်ဆိုးရွားနေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဒီနေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။

အဲဒီနောက် အကြမ်းဖက်ပုဒ်မ ၅၂ (က) နဲ့ ထပ်မံ တရားစွဲခံရပြီး ဒီနှစ်ဧပြီလမှာ အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်ဆီ ပြောင်းရွှေ့ခံလိုက်ရပါတယ်။

ဒီလိုထောင်ပြောင်းပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်မှာပဲ သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ကို ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ထံ စစ်ကောင်စီက ပြန်ပြောင်းရွှေ့လာပါတယ်။

အင်းစိန်ထောင်ကိုပြန်ရောက်လာပြီး ၂၂ နာရီအတွင်း သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ဟာ သတိလစ်သွာပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အသိပေးပါတယ်။

မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရချိန်က စစ်ကြောရေးမှာ အကြမ်းဖက် နှိပ်စက်မှုတွေကြောင့်ဦးနှောက်အကျိတ်တည်တယ်လို့ ယူဆရတဲ့ဒဏ်ရာ နဲ့လေဖြန်းသွားပြီး ထောင် ဆေးရုံမှာကုသခဲ့ရပါသေးတယ်။

မဝတ်ရည်အောင်ရဲ့ကျန်းမာရေးအခြေအနေအရ မိသားစုက ကျန်းမာရေးစစ်ဆေးပြီး ဆေးကုသခွင့်လျှောက်ထားခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။

မဝတ်ရည်အောင်အပြင် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးမှာ သတ်ဖြတ်ခံရတဲ့အပြင် အကျဉ်းထောင်တွေ မှာမတရားဖိနှိပ်မှုတွေကို ကြုံတွေ့နေရပါတယ်။

Facebook

You May Also Like

သတင်း

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ထီးလင်း PDF ဆေးအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရန်အားနည်းပြီး ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ကျေးရွာများကို ကျန်းမာရေးစောင့်ရှောက် ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ပုံမှန်အားဖြင့် လဆန်းရက်ပိုင်းတွေမှာထောင်ဝင်စာပါဆယ်ပို့သူတွေများလေ့ရှိပြီး ထောင်ဝင်စာပြန်ဖွင့်ပေးချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတာမို့ဒီနေ့မှာ များပြားနေတာလို့ သိရပါတယ်။

သတင်း

စစ်ကောင်စီအနေဖြင့် ပြည်သူအပေါ် ကျူးလွန်ခြင်းအား ဝန်ခံမည်မဟုတ်ဘဲ အသံကောင်းဟစ်နေလိမ့်မည်ဟုလည်း ကိုလင်းထက်အောင်က ပြောသည်။

သတင်း

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင်ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။