Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုအကျဥ်းထောင်မှထွက်လာသည့် စစ်အုပ်စု ၏ယာဉ်အား ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာ ၁၁ရက် ညနေ ၃ နာရီခွဲခန့်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုအကျဉ်းဦးစီးဌာနမှ ထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသော ကားနံပါတ် CC/6563 ဘင်ကားအား သတင်းကြိုရ၍ မိုင်းခွဲတိုက်ခိုက်ရန် PDFအဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းခဲ့သည်။

(ရွှေဘို-ကျောက်မြောင်းလမ်းနှင့် မြစ်ကြီးနားလမ်းဆုံအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
(ရွှေဘို-ကျောက်မြောင်းလမ်းနှင့် မြစ်ကြီးနားလမ်းဆုံအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုအကျဥ်းထောင်မှ ထွက်လာသော စစ်အုပ်စုနှင့်ရဲများလိုက်ပါလာသည့် ဘင်ကားအား PDFများ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ ရဲနှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၁၁ရက် ညနေ ၃ နာရီခွဲခန့်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုအကျဉ်းဦးစီးဌာနမှ ထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသော ကားနံပါတ် CC/6563 ဘင်ကားအား သတင်းကြိုရ၍ မိုင်းခွဲတိုက်ခိုက်ရန် PDFအဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းခဲ့သည်။

သို့သော် မိုင်းကွင်းအတွင်းသို့ ပြည်သူများ​၏ နွားလှည်းများရောက်ရှိလာခဲ့သဖြင့် မိုင်းဆွဲလိုက်နိုင်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့်သာ ကျည် (၅၃)တောင့် အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး သေဆုံးမှုရှိမရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ဆိုသည်။

“ကားကရွှေဘိုကနေ ကျောက်မြောင်းဘက်ကိုသွားတာပါ။ ကားကတော့ တအားမပျက်စီးဘူးဗျ။ ​ွေးတွေ ဆေးကုနေပါတယ်။ မိုင်းကွင်းနားမှာ ပြည်သူလှည်းရှိနေလို့ မိုင်းမဆွဲလိုက်ရဘူးဗျ။ ပစ်ပဲပစ်လိုက်ရတယ်။”ဟု နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ပြောသည်။

ဖြစ်စဥ်နှင့် စစ်အုပ်စု ထိခိုက်မှုအခြေအနေများအား ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား အမှတ်(၅) တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်စု (၁)၊တပ်စိတ်(၂)နှင့် နေလစင်္ကြာ_Shwebo PDFအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

ရွှေဘို – ကျောက်မြောင်းလမ်းသည် မန္တလေးတိုင်းသို့ ကူးသန်းရာလမ်းတစ်လမ်းဖြစ်ပြီး အဆိုပါလမ်းပေါ်တွင်လည်း စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏ ​မိုင်းဆွဲတိုက်ခိုက်နေသည်။

Facebook

You May Also Like

သတင်း

တိုက်ခိုက်မှု အခြေနေနှင့်ပတ်သက်ပြီး သတင်းအချက်အလက်နှင့် ရုပ်သံမှတ်တမ်းကို မကြာမီ ထုတ်ပြန်ပေးမည်ဟုလည်း ရဲဘော်ဝေကြီးက ၎င်း၏ Facebook တွင် အသိပေးထားသည်။

သတင်း

မြေပဲဖော်နေသည့်ကာလဖြစ်သည့် နိုဝင်ဘာလအတွင်း၌ မြိုင်နယ်ရှိ ပျူစောထီးအဖွဲ့ဝင်များသည် တိမ်းရှောင်ပြည်သူများ၏ မြေပဲခင်းများအား ဝင်ရောက်သိမ်းယူနေ၍ ဒေသတွင်းPDFအဖွဲ့များက ပစ်ခတ်တိုက်ခိုက်နေသည်။

သတင်း

မြိုင်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအခြေစိုက် PDFအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေသည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၁၂ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ ​မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်​နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။