Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ထိုးစစ်အပေါ် ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းတပ် တုံ့ပြန်တိုက်ခိုက်

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီများ အရေးနိမ့်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း အသိပေးသည်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️စစ်ကောင်စီတပ်များ ပြန်လည်ထွက်ပြေးသွားဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြဝတီဝေါ်လေလမ်းမပေါ်ရှိ ဒေသအခေါ် လူခို့ ညောင်ချောင်းနယ်‌မြေအား စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံတပ်က ထိုးစစ်ဆင်လာ၍ ယမန်နေ့(နိုဝင်ဘာ ၁၃ရက်) တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၁) ၏ တိုက်ခိုက်ရေး တပ်ရင်းခလရ(၂၀၇)၊ ခမရ (၁၀၂)မှ နံနက်အစောပိုင်း ၃နာရီမှစ၍ လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်လာရာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ကို KNLA တပ်ရင်း(၂၇)၊ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီများ အရေးနိမ့်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပူးပေါင်းစစ် ကြောင်းမှ နယ်မြေရှင်းလင်းရာတွင် အကြမ်းဖက်စစ်ကောင်စီ ထွက်ပြေးသွားသောနေရာမှ (၄၀)မမ နှစ်လုံး၊ စကားပြောစက် တစ်လုံး၊ ဂေါ်ပြားတစ်လက် တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန် သည်။

အဆိုပါ မြ၀တီ – ဝေါ်လေလမ်း၌ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

Facebook

You May Also Like

သတင်း

လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ယမန် နေ့( နိုဝင်ဘာလ ၁၃ ရက်)ညနေ၃ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ထန်းကြီးရွာအား မီးရှို့၍ ထွက်သွားသော စစ်ကောင်စီတပ်များကို လမ်းတွင် ပြည်သူကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ဦးထက်မနည်း သေဆုံးခဲကြောင်း ကျားသစ်နက်ပျောက်ကျားအဖွဲ့က အသိပေးသည်။

သတင်း

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင်မူ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

နိုဝင်ဘာ၁၂ ရက် နံနက်ပိုင်းက သရက်ကန်ရွာ ပျူစောထီးစခန်းမှ မြေပဲဖော်ထွက်လာသော ပျူစောထီးများကို ဒေသခံကာကွယ်ရေးအဖွဲ့များက အလစ်အငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူခြောက်ဦး သေဆုံးခဲ့သည်။