Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်ရှိ လှတောရဲစခန်းကို PDFများ တိုက်ခိုက်

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင်မူ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ရွှေဘို-မန္တလေးလမ်းပေါ်လှတောကျေးရွာအဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
ရွှေဘို-မန္တလေးလမ်းပေါ်လှတောကျေးရွာအဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ လှတောရဲစခန်းကို ​PDF အဖွဲ့များပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးကြောင်း ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၁၁ ရက် ည ၁၁နာရီခွဲခန့်က ဝက်လက် မြို့နယ်၊လှတောရဲစခန်းအား ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နံနက် ၂နာရီခန့်အထိ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ စခန်းရှိ လက်နက်ကြီးတစ်လက်လည်း ပျက်စီးသွားသည်ဟု ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကဆိုသည်။

“အကွာအဝေးကတော့ ဂန်းနဲ့ဆိုရင်တော့ မီတာ ၂၅၀၊ ၃၀၀ လောက်ကပေါ့။ တာဝေးဆိုရင်တော့ မီတာ ၇၀၀ လောက်ကပစ်တာ။ ဟိုဘက်ကလည်းပြန်ပစ်တယ်။ သူတို့ကထွက်​တော့ မပစ်ရဲဘူးလေ”ဟု အဖွဲ့တာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင်မူ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

Facebook

You May Also Like

သတင်း

လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ယမန် နေ့( နိုဝင်ဘာလ ၁၃ ရက်)ညနေ၃ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီများ အရေးနိမ့်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

တိုက်ခိုက်မှု အခြေနေနှင့်ပတ်သက်ပြီး သတင်းအချက်အလက်နှင့် ရုပ်သံမှတ်တမ်းကို မကြာမီ ထုတ်ပြန်ပေးမည်ဟုလည်း ရဲဘော်ဝေကြီးက ၎င်း၏ Facebook တွင် အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်နေ၍ ကျေးရွာအများအပြား အိမ်မပြန်နိုင်သေး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့အချို့ ယမန်နေ့ညနေပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ရိုးသားများတပ်ပေါင်းစု တာဝန်ခံက ပြောကြားသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)ညနေပိုင်းက စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန်ရွာကိုစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ ထိုစစ်ကြောင်းသည်...