Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့နယ်တွင် ရိက္ခာလာပို့သည့်
စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် သုံးဦးသေ

လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ယမန် နေ့( နိုဝင်ဘာလ ၁၃ ရက်)ညနေ၃ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ ၊ဓာတ်ပုံ- KNDF တပ်ရင်း -၁၀)
(သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ ၊ဓာတ်ပုံ- KNDF တပ်ရင်း -၁၀)

လွိုင်ကော်မြို့နယ်တွင် ရိက္ခာလာပို့သည့်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင်သုံးဦး သေဆုံးပြီး MA-1 သေနတ် (၁)လက်ရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၀က ယနေ့ ထုတ်ပြန်သည်။

လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ယမန် နေ့( နိုဝင်ဘာလ ၁၃ ရက်)ညနေ၃ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၁၀မိနစ်ခန့်ကြာမြင့်သည် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးအား သုတ်သင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့ထံမှ တပ်သားတစ်ဦးကိုင်ဆောင်သော MA-1 အမျိုးအစားသေနတ် (၁)လက် ၊ ကျည်ဘောက် (၄)ခု ၊ ကျည်ဆံအချို့နှင့် ဖုန်း (၁)လုံးကို KNDF က သိမ်းဆည်းရရှိခဲ့သည်။

တိုက်ပွဲတွင် KNDF ရဲဘော်များ ထိခိုက်မှုမရှိဆုပ် ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိတွေ့တိုက်ပွဲအတွင်း လောပိတမြို့အခြေစိုက် စစ်ကောင်စီ၏တပ်များမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအနက်မှ နှစ်ဦးမှာ လွတ်မြောက်သွားခဲ့သည်။

ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာလဆန်းမှ ယနေ့(နိုဝင်ဘာ ၁၄ ရက်) အထိ ထိတွေ့တိုက်ပွဲငယ်များနှင့် အလစ်ငိုက် တိုက်ခိုက်မှုများသာ အများစုဖြစ်ပွားခဲ့ပြီး လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ဘောလခဲနှင့် ရှားတောမြို့နယ်များအတွင်း တိုက်ပွဲစုစုပေါင်း (၁၃)ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဖက်မှ ၉ဦးထက်မနည်း သေဆုံးခဲ့သည်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင် စီ၏ မြို့နယ်အလိုက် အခြေစိုက်တပ်များမှာ နိုဝင်ဘာလဆန်းမှ စ၍ လက်နက်ကိုင်တပ်ဖွဲ့ချင်း ရင်ဆိုင်တိုက်ပွဲများကို သတ္တိရှိရှိ မပြုလုပ်ရဲဘဲ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ပြည်သူလူထုများကိုသာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာများအတွင်းသို့ နေ့စဥ် လက်နက်ကြီးများပစ်ခက်၍ သိက္ခာမဲ့စွာ စစ်ရာဇဝတ်မှု့များကို ကျူးလွန်လျှက်ရှိနေကြောင်းလည်း KNDF က ပြောသည်။

Facebook

You May Also Like

သတင်း

နိုဝင်ဘာ ၁၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာနှင့် မလှမ်းမကမ်းရှိ တောင်ကုန်းတစ်ခုတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

သတင်း

သေဆုံးသူနှင့် ဒဏ်ရာရသူများအား Fawကားဖြင့် သရက်ကန်ရွာသို့ သယ်ဆောင်သွား​ကြောင်း၊ ဒဏ်ရာရရှိသူများအား ကမ္မရှိပျုများက လုံခြုံရေးပေးကာ ပခုက္ကူသို့ ပို့ဆောင်ခဲ့သည်ဟုသိရကြောင်း ကိုလက်ယျာက ပြောသည်။

သတင်း

IGE ကုမ္ပဏီအုပ်စုမှ ဦး​နေ​အောင်အပါအဝင် ၅ ဦးနှင့် စင်ကာပူနိုင်ငံမှ ၎င်း၏ မိတ်​ဆွေတစ်ဦးစုစု​ပေါင်း ၆ ဦးသည် ​ရှေ့အပါတ်တွင် ရုရှားနိုင်ငံသို့ သွား​ရောက်ရန် ဗီဇာ​လျှောက်ထားပြီးဖြစ်​ကြောင်း ​နေပြည်​တော်မှ သတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

သတင်း

အလားတူ ယင်းနေ့ညနေ ၄ နာရီခန့်တွင် မိုင်းကွင်းအတွင်းဝင်လာသော အထက်ပါစစ်ကြောင်းအား ဒုတိယအကြိမ်အဖြစ် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးခန့်ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။