Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တိုက်ခိုက်

အလားတူ ယင်းနေ့ညနေ ၄ နာရီခန့်တွင် မိုင်းကွင်းအတွင်းဝင်လာသော အထက်ပါစစ်ကြောင်းအား ဒုတိယအကြိမ်အဖြစ် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးခန့်ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ရိုးမအတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး
ဓာတ်ပုံ - ရိုးမအတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး

▪️စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်းထိခိုက်

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၃)က မိုင်းဖြင့်နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(နိုဝင်ဘာ ၁၄)က ထုတ်ပြန်သည်။

ပြည်ခရိုင် ၊ ပေါင်းတည်မြို့၊ ရုပ်ဆိုင်ရွာ ရိုးမအစပ်ထိ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ဦးခန့်အား နိုဝင်ဘာ ၁၂ ရက်ညနေ ၃ နာရီ ၂၀ခန့်က စစ်တပ် ရှေ့ကင်းပွိုင့်အား ပထမအကြိမ် ပဒေသာမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အလားတူ ယင်းနေ့ညနေ ၄ နာရီခန့်တွင် မိုင်းကွင်းအတွင်းဝင်လာသော အထက်ပါစစ်ကြောင်းအား ဒုတိယအကြိမ်အဖြစ် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးခန့်ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိနိုင်ပြီး အတည်ပြုစုံစမ်းလျက်ရှိသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပဲခူးတိုင်းစစ်ဒေသခွဲအောက်ရှိသည့် သာယာဝတီခရိုင် PDF နှင့် တောင်ငူခရိုင် PDF တို့ကလည်း နိုင်ဝင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ စစ်ကောင်စီတပ်အား ဆက်လက် တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်။

Facebook

You May Also Like

သတင်း

နိုဝင်ဘာ ၁၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာနှင့် မလှမ်းမကမ်းရှိ တောင်ကုန်းတစ်ခုတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

သတင်း

သေဆုံးသူနှင့် ဒဏ်ရာရသူများအား Fawကားဖြင့် သရက်ကန်ရွာသို့ သယ်ဆောင်သွား​ကြောင်း၊ ဒဏ်ရာရရှိသူများအား ကမ္မရှိပျုများက လုံခြုံရေးပေးကာ ပခုက္ကူသို့ ပို့ဆောင်ခဲ့သည်ဟုသိရကြောင်း ကိုလက်ယျာက ပြောသည်။

သတင်း

IGE ကုမ္ပဏီအုပ်စုမှ ဦး​နေ​အောင်အပါအဝင် ၅ ဦးနှင့် စင်ကာပူနိုင်ငံမှ ၎င်း၏ မိတ်​ဆွေတစ်ဦးစုစု​ပေါင်း ၆ ဦးသည် ​ရှေ့အပါတ်တွင် ရုရှားနိုင်ငံသို့ သွား​ရောက်ရန် ဗီဇာ​လျှောက်ထားပြီးဖြစ်​ကြောင်း ​နေပြည်​တော်မှ သတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

သတင်း

လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ယမန် နေ့( နိုဝင်ဘာလ ၁၃ ရက်)ညနေ၃ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။