Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော် – မုံရွာလမ်းပိုင်း ဖြတ်သန်းခွင့်ယာယီပိတ်

ယနေ့ (အောက်တိုဘာ၁၅ရက်) နံနက်ပိုင်းမှစပြီး အရာတော် – မုံရွာလမ်းပိုင်းအား ထပ်မံကြေညာချက်မထုတ်မပြန်မချင်း သွားလာအသုံးပြုခြင်း ရပ်နားထားပေးပါရန် အရာတော်(ပကဖ)က အသိပေးသည်။

မုံရွာ - အရာတော်လမ်းပိုင်းရှိ အရာတော်မြို့အဝင်နေရာ၊ ဓာတ်ပုံ-Cj
မုံရွာ - အရာတော်လမ်းပိုင်းရှိ အရာတော်မြို့အဝင်နေရာ၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ အရာတော် – မုံရွာလမ်းပိုင်းအား ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖြတ်သန်းခွင့်ယာယီပိတ်ထားလိုက်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ယနေ့ (အောက်တိုဘာ၁၅ရက်) နံနက်ပိုင်းမှစပြီး အရာတော် – မုံရွာလမ်းပိုင်းအား ထပ်မံကြေညာချက်မထုတ်မပြန်မချင်း သွားလာအသုံးပြုခြင်း ရပ်နားထားပေးပါရန် အရာတော်(ပကဖ)က အသိပေးသည်။

အရာတော် – မုံရွာလမ်းပေါ်တွင် စစ်ကောင်စီ တပ်သားများသည် ကမ်းပြူချောင်းတဝိုက်နှင့်ကျွန်းဖိုပင်ရွာတွင် ရောက်ရှိနေသည်။

ထို့အပြင် မုံရွာမြို့ဘက်အခြမ်းတွင်လည်း တားဆီးစစ်ဆေးမှုများရှိနေကြောင်း အရာတော် (ပကဖ)က သတိပေးသည်။

သို့သော် မဖြစ်မနေ သွားလာကြရမည့် ပြည်သူ များအနေဖြင့် စစ်ကောင်စီကားများ၊ ယာဉ်တန်းများဖြင့်ကပ်လိုက်ခြင်းမပြုရန်၊ မိုးကာအုပ်၍ မောင်းနှင်ခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုများ( ကင်းပုန်းများ၊ ဦးတည်ရွေ့လျားမှုများ၊ ချောဆွဲခံ‌နေရသော ကားနံပါတ် ၊ အမျိုးအစားအရောင် စသည်ဖြင့်) တွေ့ရှိခဲ့ပါက တော်လှန်ရေး ရဲဘော်များထံ သတင်းပေးပို့ခြင်းဖြင့် ကူညီပေးပါရန် အရာတော်ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။

Facebook

You May Also Like

သတင်း

အဆိုပါ မီးရှို့ခံရသည့်နေအိမ်များအတွက် လှူဒါန်းသွားရန်စီစဥ်နေပြီး ပြည်သူများလည်း ပါဝင်လှူဒါန်းပေးကြရန် မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

သတင်း

နိုဝင်ဘာ၇ ရက်ကလည်း မုံရွာမြို့သို့ ပြန်လာသောစစ်ကောင်စီတပ်ကားတစ်စီးကို မြို့အဝင် ပြည်တော်သာအဝိုင်းထိပ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ရွှေတြိဂံ(GTF)နှင့် မဟာမိတ်အဖွဲ့များသည် နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းကလည်း ယင်းမာပင်မြို့အတွင်း စစ်တပ် တပ်စွဲထားသော နေရာအချို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့သေးသည်။

သတင်း

ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အင်တာနက် လိုင်းရသည့် ပြည်သူများ အနေဖြင့် လိုင်းမရသည့် သူများအား ဖုန်းဆက်၍ သော်လည်းကောင်း၊ သင့်ရာနည်းဖြင့် ဆက်သွယ်အသိပေးရန် ပြည်သူများအား ပန်ကြားထားသည်။