Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူး-မိုး​ရေးနယ်စပ်ကုန်သွယ်ရေးစခန်းကိုအိန္ဒိယကသုံးလပိတ်

နယ်စပ်ဂိတ်ပိတ်သိမ်းလိုက်ခြင်းကြောင့်ကုန်သွယ်ရေထိခိုက်ပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်​ကြောင်းဒေသခံများကပြောသည်။

(မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်​ရေးဂိတ်။ ဓါတ်ပုံ-CJ)
(မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်​ရေးဂိတ်။ ဓါတ်ပုံ-CJ)

မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်ဖြစ်​သော တမူး-မိုးရေးနယ်စပ်ကုန်သွယ်စခန်းကို နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး သုံးလပိတ်သိမ်းကြောင်း အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်အစိုးရက ထုတ်ပြန်သည်။

စိုးရိမ်စရာကောင်းလှသည့် မြန်မာနိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသားများ အိန္ဒိယနိုင်ငံတွင်တိုးလာခြင်းကြောင့် ယခုလို နယ်စပ်ဂိတ်ကို ပိတ်သိမ်းရခြင်းဖြစ်သည်ဟု မဏိပူရပြည်နယ်အစိုးရက​ဆိုသည်။

နယ်စပ်ဂိတ်ပိတ်သိမ်းလိုက်ခြင်းကြောင့်ကုန်သွယ်ရေထိခိုက်ပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်​ကြောင်းဒေသခံများကပြောသည်။

“အိန္ဒိယဘက်က လူသုံးကုန်တွေကို တမူးဘက်က အဓိကပို့နေတာပါ။ သူတို့ပိတ်ရင် သူတို့ဘက်မှ ကုန်ဈေးနှုန်းတက်လာပါလိမ့်မယ်”ဟု တမူးမြို့တစ်ဦးကပြောသည်။

အလားတူ အိန္ဒိယဘက်မှ တင်သွင်း​သောသွင်းကုန်များလည်းဈေးတက်လာနိုင်သည်ဟု၎င်းကဆက်​ပြောသည်။အိန္ဒိယသို့ နယ်စပ်မှ တင်ပို့​သော ကုန်စည်များ​​ဈေးကျလာနိုင်​ကြောင်းလည်း၎င်းကဆက်​ပြောသည်။

တမူး နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်နှစ်စဉ်ကုန်သွယ်နေ့သည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

Facebook

You May Also Like

နိုင်ငံတကာ

အိန္ဒိယဟာ ဆယ်စုနှစ် တော်တော်များများကြာအောင် ရုရှားရဲ့ စစ်လက်နက်တွေကို မှီခိုနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာ အိန္ဒိယက ထုတ်လုပ်တဲ့ ဆေးဝါးပစ္စည်းတွေအတွက် စတုတ္ထ အကြီးဆုံး စျေးကွက်လည်း ဖြစ်နေပြန်ပါတယ်။

နိုင်ငံတကာ

ဗြိတိသျှ ကိုလိုနီ ဘဝကနေ လွတ်လပ်ရေး ရလာပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အစောဆုံး မဲပေးသူ အနေနဲ့ ရှာယမ် ဆာရန် နက်ဂီက မှတ်တမ်းဝင်ထားပါတယ်။ အဲဒီအချိန်ကစလို့ နက်ဂီဟာ ကျင်းပခဲ့သမျှ အိန္ဒိယ ရွေးကောက်ပွဲတိုင်းမှာ မပျက်မကွက် မဲပေးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ လတုန်းကလည်း နှစ်နိုင်ငံ နယ်ခြားမျဉ်းနားကို စစ်လေယာဉ် ၁၀ စီးလောက် ချဉ်းကပ် ပျံသန်းစေခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့်စေခဲ့ရဖူးကြောင်း သိရပါတယ်။

သတင်း

မြန်မာစစ်တပ်ကို အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့က ဝိုင်းကူနေသလိုပဲ မြန်မာ့ ဒီမိုကရေစီရေး အင်အားစုတွေကိုလည်း နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း ကူညီကြဖို့ အဲဒီ ဥပဒေပြု အမတ်တွေ အစုအဖွဲ့က ဆော်ဩခဲ့ပါတယ်။