Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် နှစ်ကြိမ် တိုက်ခိုက်ခံရ

ယင်းတိုက်ပွဲမှာ နံနက် ၆ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးရှပ်ထိဒဏ်ရာရခဲ့သော်လည်း ကျန်ရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။

(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))
(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))

တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးကာ တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က ယနေ့(နိုဝင်ဘာ ၁၅)ထုတ်ပြန်သည်။

ယမန်နေ့နံနက် ၆ နာရီခန့်က တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအနောက်ဘက်ရှိ ခမရ (၅၅၇)နှင့် (၅၅၈)တို့ကို မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၂)နှင့် တနင်္သာရီပြောက်ကျားအဖွဲ့၊ တနင်္သာရီ ရိုးမအဖွဲ့တို့ပူးပေါင်းကာ သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံး၍ ခြောက်ဦးထိခိုက်ဒဏ်ရာရသွားသည်ဟု ဆိုသည်။

(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))
(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း – ၂))

ယင်းတိုက်ပွဲမှာ နံနက် ၆ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးရှပ်ထိဒဏ်ရာရခဲ့သော်လည်း ကျန်ရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ယမန်နေ့ နံနက် ၈ နာရီခန့်က တနင်္သာရီနယ် ဗောဓိကုန်းတံတားအနီးရှိ အမတ (၃၀၆)နှင့် ခမရ (၅၅၇)တို့ကို မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)နှင့် မဟာမိတ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့သည် ဟု ဆိုသည်။

(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))
(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း – ၂))

အဆိုပါတိုက်ပွဲမှ နံနက် ၈ နာရီမှစတင်တိုက်ခိုက်ခဲ့ရာ ၁၇နာရီတွင်မှ တိုက်ပွဲပြီးဆုံးပြီး တော်လှန်ရေးရဲဘော် များ အထိအခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအခြေအနေများအား ယမန်နေ့ကမထုတ် ပြန်ဘဲ ယနေ့မှ ထုတ်ပြန်ခြင်းမှာ အခြေအနေမတည်ငြိမ်သေး ၍ဖြစ်ကြောင်း အသိပေးထားပြီး အသေးစိပ်အခြေအနေများအား သိရှိနိုင်ရန် မြိတ်ခရိုင် တပ်ရင်း (၂)ထံ People’s Spring က ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

Facebook

You May Also Like

သတင်း

စစ်​ရေးတင်းမာကာ အချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်​သောအ​ခြေအ​နေ​ကြောင့် ကလေး-တမူးလမ်းမကြီးကိုတမူး PDF တပ်ရင်း( ၃)က နိုဝင်ဘာ ၁၂ ရက်မှစ၍ ၁၉ ရက်အထိ့ပိတ်ထားကြောင်းထုတ်ပြန်ထားသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၁၅ ရက်)ကစ၍ အဆိုပါ လမ်းပိုင်းကို အသုံးပြုခြင်းခေတ္တရပ်နားပေးထားရန်နှင့် သေရေး၊ ရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါက ဆက်သွယ်ရန်လည်း အထူးသတိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ရွာကို မီးမရှို့မီ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံ ဆက်သွယ်ပြီး PDFများ ဖမ်းထားသည့် စစ်ကောင်စီတပ် သား လေးဦးကို ပြန်လွှတ်ပေးရန် ပြောဆိုသည် ဟုဆိုသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုရှိပြီး မကြာမီထုတ်ပြန်ပေးမည်ဟု Khin U Support Organization-KSO အဖွဲ့တာဝန်ခံက ပြောသည်။