Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ရက်ဂေးအဆိုတော် စောဖိုးခွားတို့ ပြန်လွတ် မြောက်လာ

အကြမ်းဖက်စစ်ကောင်စီက ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ – ၅၀၅(ခ) ဖြင့်တရားစွဲဆိုကာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သလို ရက်ဂေးအဆိုတော် စောဖိုးခွားကို သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ ၃၀ (က)၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်နှစ်နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

ရက်ဂေးအဆိုတော် စောဖိုးခွား
ရက်ဂေးအဆိုတော် စောဖိုးခွား

အာဏာသိမ်းသည့်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့်ရက်ဂေးအဆိုတော် စောဖိုးခွားတို့ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့်နီးစပ်သူများက အတည်ပြုသည်။

“မယ်တို့ပျော်နေတာအရမ်း ၊ မယ့်အပါးအိမ်ပြန်ရောက်ပါပြီတဲ့ “ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီး ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ ဇနီးဟောင်းက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဒါရိုက်တာ မင်းထင်ကိုကိုကြီး

အကြမ်းဖက်စစ်ကောင်စီက ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ – ၅၀၅(ခ) ဖြင့်တရားစွဲဆိုကာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သလို ရက်ဂေးအဆိုတော် စောဖိုးခွားကို သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ ၃၀ (က)၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်နှစ်နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အနုပညာရှင်နှစ်ဦး မတရားဖမ်းဆီးခံထားရသည်မှာ တစ်နှစ်နှင့် ကိုးလကြာမြင့်ပြီဖြစ်သောကြောင့် လွတ်ရက်စေ့၍ လွှတ်ပေးခြင်းဖြစ်နိုင်ကြောင်း ပြည်သူအချို့က ခန့်မှန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် အောက်တိုဘာ ၂၈ရက်ကလည်း အဆိုတော် ပိုပို ၊ အလှအပဆိုင်ရာ ဘလော့ဂါ ဝင်းမင်းသန်း နှင့် ဒါရိုက်တာ မိုက်တီးတို့ကို ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီက ၎င်းတို့ မတရားပုဒ်မတပ်ဖမ်းဆီးထားသည့် အနုပညာရှင်များကို ယခုနှစ်အတွင်း ဆက်တိုက်လွှတ်ပေးနေသော်လည်း လက်ရှိအချိန်တွင် ရဲတိုက်၊ ဆင်မ စသည့် အနုပညာရှင်များကျန်ရှိနေသည်။

Facebook

You May Also Like

သတင်း

ပိုပို နှင့် ဝင်းမင်းသန်းတို့ သည် ၎င်းတို့၏နေအိမ်အသီးသီးသို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက အသိပေးထားသည်။

သတင်း

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

သတင်း

အသက် ၄၀ အရွယ် ထိုင်းရုပ်ရှင်ဒါရိုက်တာ Ramai ဟာ ထိုင်းနယ်စပ်ကနေ ၁၅၀ကီလိုမီတာလောက်ဝေးတဲ့ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်း ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

သတင်း

"ကျွန်တော်တို့ နိုင်ငံကြီး နာရေးဖြစ်နေတယ်ဆိုတာကို အားလုံးမမေ့ထားစေချင်ပါဘူး"ဟု သရုပ်​ဆောင် ဒေါင်းက ပြောသည်။