Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက တပ်မသုံးခုပေါင်း စစ်ကြောင်းထိုးနေ၍ ကျောက်ထု-ပခုက္ကူလမ်းပိုင်း ယာယီပိတ်

ယနေ့(နိုဝင်ဘာ ၁၅ ရက်)ကစ၍ အဆိုပါ လမ်းပိုင်းကို အသုံးပြုခြင်းခေတ္တရပ်နားပေးထားရန်နှင့် သေရေး၊ ရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါက ဆက်သွယ်ရန်လည်း အထူးသတိပေးထားသည်။

(စစ်ကောင်စီတပ်က မီးရှို့နေသော လက်ပန်းရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ -ကျောက်ထု PDF)
(စစ်ကောင်စီတပ်က မီးရှို့နေသော လက်ပန်းရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ -ကျောက်ထု PDF)

စစ်ကောင်စီက တပ်မသုံးခုပူးပေါင်းပြီး စစ်ကြောင်းထိုးနေ၍ ကျောက်ထု-ပခုက္ကူလမ်းပိုင်းကို အသုံးမပြုရန် ကျောက်ထု PDFက သတိပေး ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၁၅ ရက်)ကစ၍ အဆိုပါ လမ်းပိုင်းကို အသုံးပြုခြင်းခေတ္တရပ်နားပေးထားရန်နှင့် သေရေး၊ ရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါက ဆက်သွယ်ရန်လည်း အထူးသတိပေးထားသည်။

“အခုထိုးနေတဲ့စစ်ကြောင်းက တပ်မ (၅၅) ၊ (၁၁) နဲ့ (၁၀၁)တွေအပြင် ပျူတွေပါ ပါတယ်။အင်အားက ၁၀၀လောက်ရှိမယ်။အခု ပဆုပ်ကျေးရွာကို မီးတင်ရှို့နေတယ်လို့ သတင်းရတယ်”ဟု ကျောက်ထု PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ကျောက်ထုအမြောက်တပ်မှလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေ သည်ဟု အသိပေးသည်။

ထို့ကြောင့် ပြည်သူများ အားလုံးအထူးဂရုစိုက်၍ လက်နက်ကြီးဒဏ်ခံနိုင်မည့် နေရာများတွင်နေ ထိုင်ပေးကြရန်တိုက်တွန်းသည်။

ယခုလ ၈ ရက်ကစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ ပေါက်တော၊လက်ပန်းနှင့် ပဆုပ် ကျေးရွာများသို့ ဝင်ရောက် ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးခံရသည့် ပြည်သူအချို့လည်းရှိသည်။

Facebook

You May Also Like

သတင်း

စစ်​ရေးတင်းမာကာ အချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်​သောအ​ခြေအ​နေ​ကြောင့် ကလေး-တမူးလမ်းမကြီးကိုတမူး PDF တပ်ရင်း( ၃)က နိုဝင်ဘာ ၁၂ ရက်မှစ၍ ၁၉ ရက်အထိ့ပိတ်ထားကြောင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ရွာကို မီးမရှို့မီ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံ ဆက်သွယ်ပြီး PDFများ ဖမ်းထားသည့် စစ်ကောင်စီတပ် သား လေးဦးကို ပြန်လွှတ်ပေးရန် ပြောဆိုသည် ဟုဆိုသည်။

သတင်း

ယင်းတိုက်ပွဲမှာ နံနက် ၆ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးရှပ်ထိဒဏ်ရာရခဲ့သော်လည်း ကျန်ရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုရှိပြီး မကြာမီထုတ်ပြန်ပေးမည်ဟု Khin U Support Organization-KSO အဖွဲ့တာဝန်ခံက ပြောသည်။