Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ်အခြေစိုက် ခမရ(၅၈၆)တပ်ရင်းကို ရေးဘီးလူးအဖွဲ့တိုက်ခိုက်

စစ်ကောင်စီတပ်မှ သေဆုံးမှုရှိမရှိကို လတ်တလော အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်မှ လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

(ရေးဘီလူးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ရေးဘီလူးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

▪️စစ်ကောင်စီတပ် သေဆုံးမှုရှိနိုင်ဟုပြော

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၈၆) တပ်ရင်းကို ယနေ့ တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ဒီနေ့လည် ၁၂နာရီခွဲလောက်မှာ ၅၈၆ တပ်ရင်းကို(၄၀)မမနဲ့ ဝင်ပစ်တယ်။ ပြီးတော့ M4 အငယ်လေးတွေ သုံးပြီး ဝင်ရောက်စီးနင်းတယ်ပေါ့ ။ဒါပေမဲ့ တပ်ထဲအထိတော့ မရောက်ဘူး။ အပြန်အလှန် ပစ်ခတ်မှုတော့ မဖြစ်ဘူး။ ကျနော်တို့ အရင်လက်ဦးမှုရတော့ ကျနော်တို့ ပစ်ပြီးတော့ မြို့ထဲမှာ ဖြစ်နေတော့ ပြန်ပြီး ဆုတ်လမ်းအတွက် ပြန်ရာပြီး တပ်ပြန်ဆုတ်ခဲ့တယ်”ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်မှ သေဆုံးမှုရှိမရှိကို လတ်တလော အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်မှ လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ စစ်ကောင်စီတပ်စွဲရာနေရာများ၊ ရဲများနှင့် စစ်ကောင်စီ သတင်းပေးဒလန်များကို တိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

ရေးဘီလူးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက ရေးမြို့နယ် ခေါဇာရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

Facebook

You May Also Like

သတင်း

ယင်းတိုက်ပွဲမှာ နံနက် ၆ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးရှပ်ထိဒဏ်ရာရခဲ့သော်လည်း ကျန်ရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ကလေး -တမူး အာရှလမ်းအကြီးအပါအဝင် ကလေးမြို့နယ်အတွင်း နေရာအများစုမှ သစ်ပင်ကြီးများကို စစ်ကောင်စီက ယခုလပိုင်းအတွင်းလိုက်ခုတ်နေသည်ကို နေ့စဥ်တွေ့နေရကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီဘက်မှ အထိအခိုက် အသေအဆုံးများနိုင်ပြီး မျက်မြင်ပြည်သူများ၏ပြောကြားချက်အရ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မှန်လုံကားဖြင့် အင်းတော်မြို့ထဲသို့ သယ်သွားသည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်က မတ္တရာနယ်၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးပစ်ခတ်နေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။