Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး CDM သူနာပြု အမျိုးသမီး စစ်ကြောရေးမှာကျဆုံးသွားတဲ့သတင်းထွက်လာ

အောက်တိုဘာလ ၂၉ ရက် အစောဆုံးဖမ်းခံသူရ ၄ ဦးထဲမှာ မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံက သူနာပြုမ ပိုးသန္တာအောင် လည်းပါပါတယ်။

မန္တလေး CDM သူနာပြု အမျိုးသမီး စစ်ကြောရေးမှာကျဆုံးသွားတဲ့သတင်းထွက်လာ
မန္တလေး CDM သူနာပြု အမျိုးသမီး စစ်ကြောရေးမှာကျဆုံးသွားတဲ့သတင်းထွက်လာ

PDF တပ်ဖွဲ့ထံ ဆေးဝါးထောက်ပံ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်ကျော်က မန္တလေးမှာ ဖမ်းခံရတဲ့ CDM သူနာပြု မပိုးသန္တာအောင်ဟာ စစ်ကောင်စီတပ်ရဲ့စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့သတင်းထွက်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပုလဲ − ဂန့်ဂေါလမ်းပိုင်းမှာ ဆေးပစ္စည်းတွေတင်ထားတဲ့ ၆ ဘီးကား ဖမ်းဆီးခံရတာနဲ့ဆက်စပ်ပြီး မန္တလေးမြို့က CDM အထူးကုဆရာဝန်ကြီးတွေပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

အောက်တိုဘာလ ၂၉ ရက် အစောဆုံးဖမ်းခံသူရ ၄ ဦးထဲမှာ မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံက သူနာပြုမ ပိုးသန္တာအောင် လည်းပါပါတယ်။

သူနာပြု ဆရာမ မပိုးသန္တာအောင်တို့ကို ဖမ်းမိတာကိုလည်း စစ်ကောင်စီက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းခံရပြီးနောက် မပိုးသန္တာအောင် စစ်ကြောရေးမှာ ကျဆုံးသွားတဲ့သတင်းဟာ မနေ့ကညပိုင်းကစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပါတယ်။

အထက်မြန်မာပြည်ဗဟိုဝန်ထမ်းတက္ကသိုလ် ( ဇီးပင်ကြီး ) မှာလူမျိုးရေး ၊ဘာသာရေးမှိုင်းတိုက်သင်ကြားတာကို ဖွင့်ချခဲ့တဲ့ CDM ဆရာဝန် ဒေါက်တာစိုးသူရဇော်ကလည်း သူနာပြု ဆရာမ မပိုးသန္တာအောင် စစ်ကြောရေးမှာကျဆုံးသွားတဲ့သတင်းကြားရတယ်လို့ လူမှုကွန်ရက်မှာရေးသားလာပါတယ်။

မန္တလေး CDM ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းထဲမှာ ဒီသတင်းပြန့်နှံနေပြီး အတည်ပြုနိုင်ဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်ရာမှာ ၁၈ လကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၆၀ နီးပါး သေဆုံးခဲ့ရတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Facebook

You May Also Like

သတင်း

နိုဝင်ဘာ ၈ ရက်နဲ့ နိုဝင်ဘာလ ၉ ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ၂ ဖက်အကျအဆုံးရှိတယ်လို့ မန္တလေးPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေဟာ ပိုက်ဆံပေးပြီး ဖျက်ခိုင်းတာလို့ ဒေသခံတွေ ယူဆနေကြတာတွေရှိနေပါတယ်။

သတင်း

အဆိုပါ လမ်းပိုင်းများရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်များသည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းသည့်ဒေသများဖြစ်သည်။

သတင်း

ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၅ လမ်း ၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားမှာရှိတဲ့ ရှင်းမြတ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းကို နေ့လယ် ၁ နာရီခွဲခန့်မှာ အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာလို့ သိရပါတယ်။