Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့ပေါ် ကင်းပုန်းဝပ်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

“ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စခငါးကောင်ကို သံပုရာသီးလက်ပစ်ဗုံးတစ်လုံးနဲ့ ဝင်ပစ်တာ စခနှစ်ကောင်သေပါတယ်။”ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Zero ပြောက်ကျားတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-Zero
Zero ပြောက်ကျားတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-Zero

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၆ ရက်)နံနက် ၅နာရီခွဲအချိန်က မြင်းမူမြို့ပေါ်၊ ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ရင်း(၇)လက်အောက်ရှိ True Fighter အဖွဲဲ့တို့ပူးပေါင်းကာ သံပုရာသီးလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စခငါးကောင်ကို သံပုရာသီးလက်ပစ်ဗုံးတစ်လုံးနဲ့ ဝင်ပစ်တာ စခနှစ်ကောင်သေပါတယ်။”ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

​စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နိုဝင်ဘာ၁၁ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သည် ရွာအရှေ့ဘက်ထန်းတောထဲ ကင်းပုန်းဝပ်ကာ ဝိုင်းဖွဲ့ထိုင်ချိန် Zero ပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မကျီးအုပ်ကျေးရွာမှ ပြည်သူအမျိုးသားတစ်ဦး လက်နက်ကြီးထိ မှန်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း KURDAF တာဝန်ခံက ပြောသည်။

သတင်း

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မကွေးလေတပ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်သမားများကို လေတပ်အတွင်း ဝင်ခွင့်မပြုဟု သိရသည်ဟု ၎င်းက ဆိုသည်။

သတင်း

နိုဝင်ဘာ ၁၁ရက် ညနေ ၃ နာရီခွဲခန့်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုအကျဉ်းဦးစီးဌာနမှ ထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသော ကားနံပါတ် CC/6563 ဘင်ကားအား သတင်းကြိုရ၍ မိုင်းခွဲတိုက်ခိုက်ရန် PDFအဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းခဲ့သည်။

သတင်း

တိုက်ခိုက်မှု အခြေနေနှင့်ပတ်သက်ပြီး သတင်းအချက်အလက်နှင့် ရုပ်သံမှတ်တမ်းကို မကြာမီ ထုတ်ပြန်ပေးမည်ဟုလည်း ရဲဘော်ဝေကြီးက ၎င်း၏ Facebook တွင် အသိပေးထားသည်။