Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ အရပ်သားသုံးဦး ထပ်မံသေဆုံး

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းကြောင့် ပုဏ္ဏားကျွန်းတွင် ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA
ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆောင်းတုံရွာ၌ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျ၍ အရပ်သား သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၆ရက်)တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီမှာ လက်နက်ကြီး ရွာထဲကျလို့ သုံးယောက်သေတယ် သုံးယောက်ဒဏ်ရာရတယ်လို့ ကြားတယ်။ အဲဒီနေရာက နည်းနည်းအလှမ်းဝေးတယ်။ တောဖက်ကျတယ်။ အဲဒီမှာ မြို တိုင်းရင်းသားတွေများတယ် အဲဒီမှာနေတာ”ဟု ရခိုင်ဒေသခံက ပြောကြားသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA
ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ – BNA

နိုဝင်ဘာ ၁၀ရက်ကလည်း စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာကိုမီးရှို့ခြင်းပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်လက်ချက်ကြောင့် ဆင်အင်းကြီးဒေသခံ ၉ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး အခြားကျေးရွာများမှ ပြည်သူများလည်း သေဆုံးထိခိုက်မှုရှိခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA
ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ – BNA

ယမန်နေ့ (နိုဝင်ဘာ ၁၅ရက်)ကလည်း စစ်ကောင်စီ တပ် လက်နက်ကြီး ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ် ကျွန်းတောင်ရွာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်သတင်းဌာန BNAက ဖော်ပြသည်။ ထို့ပြင် နိုဝင်ဘာ ၁၂ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ခတ်ပြီး ကျေးရွာအတွင်း ဝင်လာ၍ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု BNA သတင်း၌ တွေ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA
ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ – BNA

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းကြောင့် ပုဏ္ဏားကျွန်းတွင် ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။

Facebook

You May Also Like

သတင်း

အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က ယနေ့မနက်တွင် ဝင်းစိန်ရွာကို စီးနင်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိရာ ဒေသခံ ပြည်သူလူထုများ ထိခိုက်မှု အခြေအနေကို မသိရသေးဟု KNLA တပ်မှူးက ပြောသည်။

သတင်း

ယခုဖြစ်စဥ်မတိုင်မီ နိုဝင်ဘာ ၁၃ရက်က လွိုင် ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိထားသည်။

သတင်း

ပုသိမ်မြို့နယ်အတွင်း တာဝန်ကျနေသည့်ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်စိုးသည် တောဆင်ရိုင်းမောင်းသည့် တာဝန်ထမ်းဆောင်နေစဥ် ဆင်းရိုင်းက နင်းသတ်သွားခြင်းဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီလက်နက်သယ်ယူမည့်လမ်းကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ဖြတ်တောက် တားဆီးနေ၍ တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယနေ့ညနေတွင် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာ​​ခြင်းဖြစ်သည်။