Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

နိုဝင်ဘာလ ၁၂ ရက်က နွားထိုးကြီးမြို့ ၊ အမှတ် (၅) ရပ်ကွက် ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော် ကို သွေးသောက်အမည်ခံအဖွဲ့က လာဖမ်းခဲ့ပါတယ်။

နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်
နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊နွားထိုးကြီးမြို့နယ်ထဲမှာ စစ်အုပ်စုဟာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို လာဖမ်းရာမှာ မတွေ့လို့ ဆိုင်ဝန်ထမ်း လူငယ် ၂ ဦးကို ဖမ်းခေါ်သွားပြီး သတ်ဖြတ်လိုက်ပါတယ်။

ဒီလိုဖမ်းဆီးသတ်ဖြတ်တဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့ ဖြစ်တယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောထားကြပါတယ်။

နိုဝင်ဘာလ ၁၂ ရက်က နွားထိုးကြီးမြို့ ၊ အမှတ် (၅) ရပ်ကွက် ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော် ကို သွေးသောက်အမည်ခံအဖွဲ့က လာဖမ်းခဲ့ပါတယ်။

ဒါပေမယ့် ကိုမျိုးကျော်ကိုမတွေ့လို့ ဆိုင်က အသက် ၂၀ ဝန်းကျင် အဖျော်ဆရာ နဲ့အကြော်ဆရာ လူငယ် ၂ ဦးကို ဖမ်းခေါ်သွားပြီး မြို့အရှေ့ခြမ်းမှာ သတ်ဖြတ်ပြီးအလောင်းစွန့်ပစ်သွားပါတယ်။

အဲဒီညပိုင်းမှာပဲ နွားထိုးကြီးမြို့နယ် အမှတ် (၄) ရပ်ကွက် ကုန်စုံဆိုင်တစ်ဆိုင်ကို သွေးသောက်အဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

သွေးသောက်အဖွဲ့လာရောက်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ကုန်စုံဆိုင်ဟာ NLD ပါတီထောက်ခံအားပေးသူတွေရဲ့ဆိုင်ဖြစ်တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

နွားထိုးကြီးမြို့ပေါ်တက်လာပြီး သတ်ဖြတ် ဖျက်ဆီးမှုတွေလုပ်တဲ့ အဖွဲ့ဟာ ကြံခိုင်ရေးပါတီ မြင်းခြံမြို့နယ် အတွင်းရေးမှူး ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ သွေးသောက်အဖွဲ့ဖြစ်တယ်လို့ နွားထိုးကြီးမြို့ခံအချို့ကပြောပါတယ်။

နွားထိုးကြီးနယ်တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေ ဖမ်းဆီးသွားပြီး သတ်ဖြတ်အလောင်းစွန့်ပစ်သွားတဲ့ဖြစ်စဉ်ဟာ ၉ ကြိမ်ထက်မနည်းရှိပါတယ်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ကေအဲန်ယူ ကျိုက်ထိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင် စစ်ကြောင်းလှုပ်ရှားရာ လမ်းတစ်လျှောက်တွင် ရွာသားများအား ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

အစောပိုင်းမှာလည်း မတ်စ်က Twitterမှာ Blue Mark ရထားသူတွေကို လစဉ်ကြေး ၈ ဒေါ်လာ ကောက်ခံသွားမယ်လို့ ကြေညာခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့သေးကြောင်း သိရပါတယ်။

သတင်း

Kawlin Revolution KR-Teamသည် ကောလင်းမြို့နယ် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက် စာမျက်နှာဖြစ်သည်။

သတင်း

"ကလေးတွေ ခဏထိုင်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက မီးရှို့ပစ်တာ။ ကြွက်မနိုင်တော့ ကျည်မီးနဲ့ရှို့တာ"ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။