Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဧရာဝတီမြစ်အတွင်း ရေမြုပ်မိုင်းစမ်းသပ်စဥ် မတော်တဆပေါက်ကွဲ၍ PDF ရဲဘော်သုံးဦးကျဆုံး

“နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။”ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

(ကျဆုံးသွားသောရဲဘော်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု)
(ကျဆုံးသွားသောရဲဘော်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ် အတွင်း၌ ရေမြုပ်မိုင်းစမ်းသပ်ထောင်စဥ်ပေါက်ကွဲခဲ့၍ PDFရဲဘော်၃ဦး ကျဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၁ ရက်က ကောင်းကင်တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ရဲဘော်ဖိုးသား၊ ဒေါင်းစစ်သည် (မတ္တရာ) အဖွဲ့ဝင် DMW၊ MGUFF အဖွဲ့ဝင် ဘရိတ်တို့သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် ဧရာဝတီမြစ်အတွင်း၌ ရေမြုပ်မိုင်း စမ်းသပ်ထောင်စဥ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားပြီး သုံးဦးလုံး ကျဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်သည်။

“နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။”ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင်တော်လှန်ရေး အင်အားစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဧရာဝတီမြစ်အရှေ့ခြမ်း မတ္တရာနှင့်စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးမှုများပြုလုပ်နေပြီး မြစ်အနောက်ဘက်ကမ်းရှိ ဝက်လက်မြို့နယ်ဘက်သို့ပါ စစ်ကြောင်းထိုးတိုက်ခိုက်နေသည်။

Facebook

You May Also Like

သတင်း

အောက်တိုဘာလ ၂၉ ရက် အစောဆုံးဖမ်းခံသူရ ၄ ဦးထဲမှာ မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံက သူနာပြုမ ပိုးသန္တာအောင် လည်းပါပါတယ်။

သတင်း

ကလေး -တမူး အာရှလမ်းအကြီးအပါအဝင် ကလေးမြို့နယ်အတွင်း နေရာအများစုမှ သစ်ပင်ကြီးများကို စစ်ကောင်စီက ယခုလပိုင်းအတွင်းလိုက်ခုတ်နေသည်ကို နေ့စဥ်တွေ့နေရကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီဘက်မှ အထိအခိုက် အသေအဆုံးများနိုင်ပြီး မျက်မြင်ပြည်သူများ၏ပြောကြားချက်အရ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မှန်လုံကားဖြင့် အင်းတော်မြို့ထဲသို့ သယ်သွားသည်ဟု ဖော်ပြထားသည်။

သတင်း

ဖောက်ခွဲမှုမှာ ၄ ဦးပါဝင်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖမ်းခံထားရသူ ၂ ဦးဟာ ဇနီးမောင်နှံ၂ ဦးဖြစ်တာကိုတွေ့ရပါတယ်။