Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရသည့် မကွေးလေတပ် ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော

ယမန်နေ့ တိုက်ခိုက်ခံရမှုကြောင့် လေယာဥ်ထိခိုက်ပျက်စီးမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု သတင်းရေးသားဖော်ပြမှုများကိုတွေ့ရသော်လည်း ယင်းအခြေအနေအပေါ် သီးခြားအတည်မပြုနိုင်ပေ။

ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရသည့် မကွေးလေတပ် ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော
ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရသည့် မကွေးလေတပ် ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော

မကွေးလေတပ်ကို ဒေသခံတော်လှန်ရေးတပ်များပူးပေါင်း၍ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်သည်ဟု မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ယခင်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်း၊ ဖောက်ခွဲခံရခြင်းဖြစ်ခဲ့သည့် မကွေးလေတပ်တွင် နိုဝင်ဘာ ၁၅ရက် နံနက်တွင် ရှော့တိုက်ဒုံးဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံက ပြောသည်။

“လေတပ်အခြေအနေက ဒီကနေ့ လေယာဉ်တွေစပြီး ပျံတာတွေ့ရတယ်။ ဒါပေမယ့် အနီးအနား ဝန်းကျင်မှာရှိတဲ့ သပြေစမ်းတို့ ဘာတို့ ရွာတွေကို တင်းတင်းကြပ်ကြပ်ရှာဖွေတာ စောင့်ကြည့်တာ လုပ်တာရှိတယ်။ အခု သုံးဖွဲ့ ရေနံချောင်းတို့ မကွေးယူဂျီအဖွဲ့တို့ သုံးဖွဲ့ ပေါင်းပြီး ထုတ်ပြန်တာ ရှိတယ်။ လက်ရှိက ဒီကနေ့ လေယာဉ်ပျံတက်တာလည်းတွေ့နေရတယ်။ မနေ့ကတော့ ပျံသန်းတာမရှိဘူး။ တနင်္လာနဲ့အင်္ဂါ နှစ်ရက်က ပျံသန်းတာလုံး၀မရှိဘူး။ ဒါပေမဲ့ သူတို့ထဲမှာ ထိခိုက်ပျက်စီးရှိတယ်လို့ ကြားတာပဲ။ ဒါပေမဲ့ တိတိပပတော့ ပြောလို့မရဘူး”ဟု ဒေသခံက ပြောသည်။

ယမန်နေ့ တိုက်ခိုက်ခံရမှုကြောင့် လေယာဥ်ထိခိုက်ပျက်စီးမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု သတင်းရေးသားဖော်ပြမှုများကိုတွေ့ရသော်လည်း ယင်းအခြေအနေအပေါ် သီးခြားအတည်မပြုနိုင်ပေ။

ယခင် တိုက်ခိုက်ခံရမှုနှစ်ကြိမ်တွင် လေယာဉ်ရုံနှင့် လေယာဉ်ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့သည်။

Facebook

You May Also Like

သတင်း

ယနေ့ (နိုဝင်ဘာ၁၆ရက်) မွန်းလွဲပိုင်းတွင် ကလေးမြို့ နယ်တောင်ပိုင်း မြောက်စည်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။

သတင်း

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မကွေးလေတပ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်သမားများကို လေတပ်အတွင်း ဝင်ခွင့်မပြုဟု သိရသည်ဟု ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးမှုရှိမရှိကို လတ်တလော အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်မှ လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။