Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ် မြောက်စည်းရွာရှိ စစ်ကောင်စီတ​ပ်ကို ပြောက်ကျားနည်းဖြင့်ဝင်တိုက်

ယနေ့ (နိုဝင်ဘာ၁၆ရက်) မွန်းလွဲပိုင်းတွင် ကလေးမြို့ နယ်တောင်ပိုင်း မြောက်စည်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။

ကလေးမြို့နယ် မြောက်စည်းရွာရှိ စစ်ကောင်စီတ​ပ်ကို ပြောက်ကျားနည်းဖြင့်ဝင်တိုက်
ကလေးမြို့နယ် မြောက်စည်းရွာရှိ စစ်ကောင်စီတ​ပ်ကို ပြောက်ကျားနည်းဖြင့်ဝင်တိုက်

▪️စစ်ကောင်စီအရာရှိတစ်ဦး​သေဆုံးပြီး လက်နက်နှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရွာရှိ စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး​ သေဆုံးသွားပြီး လက်နက်နှင့်စစ်အသုံး အဆောင်များ သိမ်းဆည်းရမိကြောင်း VAKOK-CNDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ၁၆ရက်) မွန်းလွဲပိုင်းတွင် ကလေးမြို့ နယ်တောင်ပိုင်း မြောက်စည်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး​ သေဆုံးသွားကြောင်း VAKOK-CNDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ ဆိုင်ကယ်တစ်စီး၊လက်ပစ်ဗုံး နှစ်လုံး၊ MA-5အတို တစ်လက်၊ခြောက်လုံးပြူးအတို တစ်လက်၊ ဖုန်းနှင့် powerbank၊ ငွေကျပ် သုံးသိန်းကျော် နှင့် မှတ်ပုံတင်တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း VAKOK-CNDF က ဆိုသည်။

ထောက်ပံ့ပေးကြသော ပြည်တွင်း၊ပြည်ပထောက်ပို့တပ်သားများအားလုံးကို ကျေးဇူးတင်ပြီး စစ်အာဏာ ရှင်အား အမြစ်ပြတ်ချေမှုန်းရန်အတွက် ဆက်လက် ထောက်ပံ့ပေးကြရန် VAKOK-CNDF မေတ္တာရပ်ခံထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ VAKOK-CNDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။

သတင်း

ဒီလို လွှတ်ပေးတာဟာ မနက်ဖြန်မှာ ကျရောက်မယ့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်တယ်လို့ လည်းစစ်ကောင်စီက ဆိုပါတယ်။

သတင်း

ယမန်နေ့ တိုက်ခိုက်ခံရမှုကြောင့် လေယာဥ်ထိခိုက်ပျက်စီးမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု သတင်းရေးသားဖော်ပြမှုများကိုတွေ့ရသော်လည်း ယင်းအခြေအနေအပေါ် သီးခြားအတည်မပြုနိုင်ပေ။

သတင်း

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းကြောင့် ပုဏ္ဏားကျွန်းတွင် ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။