Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကျဉ်းသား ၅၇၀၀ ကျော်ကိုပြန်လွှတ်မယ်လို့စစ်ကောင်စီကြေညာ

ဒါအပြင် စစ်ကောင်စီရဲ့ ဒီနေ့ကြေညာချက်မှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲထားတဲ့ အနုပညာရှင် ၁၁ ဦးကို အမှုပိတ်ပေးမယ်လို့လည်းဆိုထားပါတယ်။

အကျဉ်းသား ၅၇၀၀ ကျော်ကိုပြန်လွှတ်မယ်လို့စစ်ကောင်စီကြေညာ
အကျဉ်းသား ၅၇၀၀ ကျော်ကိုပြန်လွှတ်မယ်လို့စစ်ကောင်စီကြေညာ

ဒီနေ့ ကျရောက်တဲ့အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၅၇၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့စစ်ကောင်စီက ကြေညာပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား ၄ ဦးကို လည်း လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာပါရှိပါတယ်။

လွှတ်ပေးမယ့် နိုင်ငံခြားသားတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ စစ်ကောင်စီက ကြေညာတာမရှိပါဘူး။

စစ်ကောင်စီဖမ်းထားတဲ့ နိုင်ငံခြားသားတွေထဲမှာ NLD စီးပွားရေးအကြံပေး သြစတြးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ် ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း ၊ ရုပ်ရှင်မှတ်တမ်းရိုက်ကူးသူ ဂျပန်နိုင်ငံသား တိုရူကူဘိုတာတို့ရှိနေပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ဒီနေ့ကြေညာချက်မှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲထားတဲ့ အနုပညာရှင် ၁၁ ဦးကို အမှုပိတ်ပေးမယ်လို့လည်းဆိုထားပါတယ်။

ဒီနေ့လွှတ်ပေးမယ့် သူတွေထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံထားရသူ ဘယ်နှစ်ဦးပါဝင်မလဲဆိုတာကို စုံစမ်းနေဆဲပါ။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက လွတ်ငြိမ်းမှာတော့ နိုင်ငံရေးအကျဉ်းသားမပါဝင်သလောက်နည်းပါးတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ လပေါင်း ၂၀ ကျော်ကာလအတွင်း ဖမ်းဆီးခံရသူဦးရေဟာ ၁၃၀၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းပြုစုထားပါတယ်။

You May Also Like

သတင်း

ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင် ကျောင်းကို နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

“ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး” ဟု NUG ဝန်ကြီးက ဆိုသည်။

သတင်း

မစ္စဗစ်ကီဘိုးမန်းရဲ့အမျိုးသား ကိုထိန်လင်းကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

သတင်း

နိုဝင်ဘာ ၁၅ရက်က KIA တပ်မဟာ(၃)နယ်မြေနှင့် တပ်မဟာ(၉)နယ်မြေတို့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။