Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်အုပ်စု ပစ်ခတ်၍ ဒေသခံတစ်ဦးကျည်ထိမှန်

စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ရွှေဘို- မန္တလေးလမ်းပိုင်းတွင် စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်အုပ်စု ပစ်ခတ်၍ ဒေသခံတစ်ဦးကျည်ထိမှန်
ရွှေဘို- မန္တလေးလမ်းပိုင်းတွင် စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်အုပ်စု ပစ်ခတ်၍ ဒေသခံတစ်ဦးကျည်ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်)မွန်းလွဲ ၂ နာရီခွဲခန့်က ရွှေဘိုမြို့ထဲမှ ထွက်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ကား (၂) စီးဖြင့် ရွှေဘို-မန္တလေးလမ်းအတိုင်းတောင်သို့ ထွက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇီးတောကျေးရွာထိပ်၌ဆင်းချိန် ရွှေဘိုမြို့နယ် ပကဖ တိုက်နယ် (၅)အဖွဲ့က အဝေးထိန်း မိုင်း (၈)လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

“ဇီးတောရွာက တယောက်ထိထားပါတယ်။မိန်းခလေးပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်(ပကဖ)တိုက်နယ် (၅)အဖွဲ့ထံ ဆယ်သွယ်သော်လ​ည်း လက်တလောဆယ်သွယ်၍ မရသေးပေ။

You May Also Like

သတင်း

"ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စခငါးကောင်ကို သံပုရာသီးလက်ပစ်ဗုံးတစ်လုံးနဲ့ ဝင်ပစ်တာ စခနှစ်ကောင်သေပါတယ်။"ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မကျီးအုပ်ကျေးရွာမှ ပြည်သူအမျိုးသားတစ်ဦး လက်နက်ကြီးထိ မှန်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း KURDAF တာဝန်ခံက ပြောသည်။

သတင်း

ယနေ့(နိုဝင်ဘာလ ၁၅ ရက်)နံနက် ၆ နာရီ ၁၅မိနစ်ခန့်က ရေဦးမြို့မှ အင်အား၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်း နှစ်ခုခွဲကာ ခင်ဦးနယ်အနောက်ခြမ်းကျေးရွာများအား စစ်ကြောင်းထိုးခဲ့သည်။

သတင်း

အောက်တိုဘာလ ၂၉ ရက် အစောဆုံးဖမ်းခံသူရ ၄ ဦးထဲမှာ မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံက သူနာပြုမ ပိုးသန္တာအောင် လည်းပါပါတယ်။