Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမျိုးသားညီညွတ်ရေးနှင့် စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို အမျိုးသားတော်လှန်ရေးအဖြစ် အားစိုက်လုပ်ဆောင်ရန် ယာယီသမ္မတ တိုက်တွန်း

မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးကို ကြည့်ပါက အမျိုးအလိုက်အုပ်စုဓလေ့ အပြိုင်ထွန်းကားတာ ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် အမျိုးသားစည်း လုံးညီညွတ်မှု၌အားနည်းခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သုတ်သင်ချေမှုန်းရေးကို အမျိုးသားတော်လှန်ရေး တစ်ရပ်အဖြစ် အားလုံး စိတ်ရောကိုယ်ပါ အားစိုက်လုပ်ဆောင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ယနေ့ ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ရာ “အမျိုးသား”ဆိုသည့် စကားလုံးဝေါဟာရ အနက်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန်လိုအပ်သည်ဟု ပြောကြားသည်။

အမျိုးသားညီညွတ်ရေးနှင့် စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို အမျိုးသားတော်လှန်ရေးအဖြစ် အားစိုက်လုပ်ဆောင်ရန် ယာယီသမ္မတ တိုက်တွန်း
အမျိုးသားညီညွတ်ရေးနှင့် စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို အမျိုးသားတော်လှန်ရေးအဖြစ် အားစိုက်လုပ်ဆောင်ရန် ယာယီသမ္မတ တိုက်တွန်း

“ကျွန်တော်တို့ နိုင်ငံအတွင်းမှာ လူမျိုးပေါင်းစုံ ရှိပေမယ့် လူမျိုးတစ်မျိုးချင်းစီဟာ “အမျိုးသားရေး” လို့ပြောရင် ကိုယ့်သွေးသားဗီဇနဲ့ တိုက်ရိုက် ဆက် စပ်နေတဲ့ လူမျိုးရေးလို့ပဲ တွေးထင်တတ် ကြပါတယ်။ ‘အမျိုးသားရေး’ ဆိုတဲ့ စကားလုံးဟာ ပိုပြီး ကျယ်ပြန့်တဲ့အနက်သဘောဆောင်ပြီး ကျွန်တော်တို့ ပြည်ထောင်စု တစ်မျိုးသားလုံးကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် တစ်ဆက်တစ်စပ်တည်းရှိတဲ့ ကျွန်တော်တို့ ရေမြေကို ကိုယ်စားပြု ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံး စုပေါင်းမျှဝေလက်ခံထားတဲ့ တန်ဖိုးတွေ၊ ဓလေ့တွေ၊ အတွေးအခေါ်ယုံကြည်မှုတွေကို ကိုယ်စားပြုတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးကို ကြည့်ပါက အမျိုးအလိုက်အုပ်စုဓလေ့ အပြိုင်ထွန်းကားတာ ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် အမျိုးသားစည်း လုံးညီညွတ်မှု၌အားနည်းခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

“ဒါ့အပြင် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှာ ယုံကြည်မှုအလိုက် ဝါဒအလိုက် အုပ်စုဓလေ့နဲ့ ဂိုဏ်းဂဏအစွဲတွေအပြိုင် ထွန်းကားလို့ ညီညွတ်မှု ပျက်ပြားခဲ့တာတွေ ရှိခဲ့ပါတယ်။ကျွန်တော်တို့ဟာ အားလုံးထပ်တူကျ တူညီနေဖို့မလိုပါဘူး။ မတူလို့ ရတယ်၊ ကွဲပြားလို့ ရတယ်။ သို့သော်လည်း မတူပေမယ့် ကျွန်တော်တို့ဟာ ပူးပေါင်းလို့ ရတယ်၊ ကွဲပြားပေမယ့် အတူနေထိုင်လို့ ရပါတယ်။ ကိုယ်နဲ့ မတူကွဲပြားတဲ့ လူတစ်ယောက်ချင်းစီ၊ လူတစ်မျိုးချင်းစီရဲ့ စွမ်းရည်တွေကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးကောင်စီဝင်အားလုံးကို လက်ဆောင်စကားပါးလိုသည်မှာ နိုင်ငံဟောင်းကို ပယ်ပြီး နိုင်ငံသစ်ကို တည်ရောက်ရာ၌ အတွေးအခေါ်သစ်၊ အမြော်အမြင်သစ်၊ စိတ်ဓာတ်ခွန်အား အသစ်များနှင့် သိုင်းဝိုင်းတည်ဆောက်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့တတွေ တစ်ဦးကိုတစ်ဦး ယခင်ကထက် ပိုပြီး ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားကြဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ကြိုးစားတည်ဆောက် ကြမယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်အတွင်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ကျွန်တော် တို့တတွေရဲ့ လက်ထက်မှာရအောင် တည်ဆောက်ချင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

You May Also Like

သတင်း

ABSDF တပ်ဖွဲ့ဝင် မျိုးဆက်သစ်ရဲဘော်များအား လေ့ကျင့်စုဖွဲ့မှုများ ပြုလုပ်နိုင်ခဲ့ပြီး ညီနောင်မဟာမိတ် အသီးသီးနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း အသိပေးထားပြီး လူမျိုးပေါင်းစုံတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းစေရမည်ဟု ဖော်ပြခဲ့သည်။

သတင်း

ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နေ့ အခမ်းအနား ယာယီသမ္မတက အမှာစကား ပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်အာဏာရှင်များနှင့် သွားပြီးဆွေးနွေးမည့် အလုပ်မျိုးသည် မည်သို့မှ အလုပ်မဖြစ်ဆိုသည်ကို KNU အနေဖြင့် ရှင်းလင်းပြတ်သားစွာ ပြောထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၈ရက်) ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက မဟာမိတ်ဆက်ဆံရေးကိစ္စကို အဓိကထား ပြောကြားခဲ့သည်။