Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ လွတ်ငြိမ်းပေးမှု နိုင်ငံရေး ကစားကွက်ရွှေ့နေခြင်းသာဖြစ်ဟု နိုင်ငံရေးအကျဥ်းသားအချို့သုံးသပ်

“ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး” ဟု NUG ဝန်ကြီးက ဆိုသည်။

(အင်းစိန်​ထောင်​ရှေ့တွင်ယ​နေ့နံနက်ပိုင်းကဓါတ်ပုံရိုက်သူတစ်ဦးကိုစစ်​ကောင်စီတပ်ကဖမ်းဆီး​နေစဥ်။ ဓါတ်ပုံ-AAMIJ)
(အင်းစိန်​ထောင်​ရှေ့တွင်ယ​နေ့နံနက်ပိုင်းကဓါတ်ပုံရိုက်သူတစ်ဦးကိုစစ်​ကောင်စီတပ်ကဖမ်းဆီး​နေစဥ်။ ဓါတ်ပုံ-AAMIJ)

▪︎လွတ်မြောက်လာသူများအတွက် ၀မ်းသာသော်လည်း ကျေးဇူးတင်ရန် တစက်မှမရှိဟု NUG ဝန်ကြီးပြော

နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးရာနယ်ပယ်များတွင် မျက်နှာပန်းမလှသည့် စစ်ကောင်စီသည် နိုင်ငံရေအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေး ကစားကွက်ရွှေ့နေကြောင်း နိုင်ငံရေးအကျဥ်းသားအချို့က သုံးသပ်ကြသည်။

အကြမ်းဖက်စစ်ကောင်စီသည် မူလကတည်းက အပြစ်မရှိသူများကို အမှုဆင်ကာ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အဆိုပါမတရားဖမ်းဆီးခံရသူများ လွတ်မြောက်လာသဖြင့် ၀မ်းသာသော်လည်း ကျေးဇူးတင်ရန် မရှိကြောင်း ပြီးခဲ့သည့်စစ်အစိုးရ၏ နှစ် ၂၀ နီးပါး အကျဥ်းချခံရသူ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

“စစ်ကောင်စီအတွက် နိုင်ငံတကာဖိအားကလည်း အရမ်းကြီးနေတော့ နိုင်ငံရေးရွှေ့ကွက်တစ်ကွက်၊ political activity လုပ်တဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်ကောင်စီ၏ လုပ်ဆောင်မှုကို ‘ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန်’ ဖြစ်ကြောင်းရှုမြင်သည်။

“ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး” ဟု NUG ဝန်ကြီးက ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ယခုလွတ်ငြိမ်းချမ်းသာခွင့်ပေးသူများကို ‘နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်’ ဟု စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခဲ့သည်။

“နောင်တခါကျူးလွန်ရင် ပြစ်ဒဏ်ကိုပေါင်းကျခံမယ်ဆိုတဲ့ နှောင်ကြိုးကိုလည်း မြင်အောင်ကြည့်စေချင်တယ်။ ဘာအထောက်အထားမှမရှိဘဲ မတရားအမှုဆင် စီရင်နေတဲ့ လက်ရှိအခြေအနေကိုလည်း မမေ့စေချင်ဘူး။ တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်မယ့် ရဲဘော်ရဲမေတွေမို့လို့ နှောင်ကြိုးနဲ့ ထိမ်းချုပ်တာတွေကို အသိတရားနဲ့ယှဥ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ ဖေ့စ်ဘုတ်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် နိုင်ငံခြားသား လေးဦးအပါအဝင် စုစုပေါင်း ၅၇၇၄ ဦးကို ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင် ကျောင်းကို နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ကနဦးစုံစမ်းသိရတာကတော့ မတရားဖမ်းဆီးခံရတဲ့နိုင်ကျဉ်းတွေပါဝင်တာနည်းပါးတယ်လို့သိရ‌ပေမယ့် ထောင်အပြင်ကို ကားတွေထွက်လာတာတော့မရှိသေးပါဘူး။

သတင်း

မစ္စဗစ်ကီဘိုးမန်းရဲ့အမျိုးသား ကိုထိန်လင်းကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

သတင်း

နိုဝင်ဘာ ၁၅ရက်က KIA တပ်မဟာ(၃)နယ်မြေနှင့် တပ်မဟာ(၉)နယ်မြေတို့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။