Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်ထောင်ရှေ့တွင် ဓာတ်ပုံရိုက်သူနှစ်ဦး စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

ယနေ့တွင် (၁၀၂)နှစ်​မြောက် အမျိုးသား​နေ့ကို ဂုဏ်ပြု​သည်ဟုဆိုကာ စစ်ကောင်စီအဖွဲ့က ၎င်းတို့ မတရားဖမ်းဆီးအကျဥ်းချခံထားရသူများအပါအဝင် အကျဥ်းသား ငါးထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

(အင်းစိန်​ထောင်​ရှေ့တွင်ယ​နေ့နံနက်ပိုင်းကဓာတ်ပုံရိုက်သူတစ်ဦးကို စစ်​ကောင်စီတပ်ကဖမ်းဆီး​နေစဥ်။ ဓာတ်ပုံ-AAMIJ)
(အင်းစိန်​ထောင်​ရှေ့တွင်ယ​နေ့နံနက်ပိုင်းကဓာတ်ပုံရိုက်သူတစ်ဦးကို စစ်​ကောင်စီတပ်ကဖမ်းဆီး​နေစဥ်။ ဓာတ်ပုံ-AAMIJ)

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်းထောင်ရှေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများအား မိသားစုဝင်များ စောင့်ဆိုင်းနေစဥ် ဓာတ်ပုံရိုက်ကူးသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီက ယနေ့ နံနက်တွင် ဖမ်း​ဆီးစစ်ဆေးခဲ့သည်။

“မနက်က ကောင်လေးနဲ့ ကောင်မလေး တစ်ယောက် ကို ဓာတ်ပုံရိုက်လို့ဆိုပြီး စစ်သားတွေက လာဖမ်းသွားတာပါ။ အရင်လဲ ရိုက်နေကြတာ တွေ့နေရတာပါပဲ အခုမှ ဘာဖြစ်မှန်းမသိ ဖမ်းသွားတာပါ။ အခုတော့ ပြန်လွတ်လာပြီလို့ သိရပါတယ်။ အင်းစိန်ထောင်နား တစ်ဝိုက်မှာတော့ အရပ်ဝတ်တွေနဲ့ရော အများကြီး စောင့်နေတာ တွေ့ရပါတယ် “ဟု အင်းစိန်အကျဥ်းထောင်အနီးရောက်ရှိနေသည့် ပြည်သူတစ်ဦးက ပြောသည်။

ယနေ့တွင် (၁၀၂)နှစ်​မြောက် အမျိုးသား​နေ့ကို ဂုဏ်ပြု​သည်ဟုဆိုကာ စစ်ကောင်စီအဖွဲ့က ၎င်းတို့ မတရားဖမ်းဆီးအကျဥ်းချခံထားရသူများအပါအဝင် အကျဥ်းသား ငါးထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် မတရားဖမ်းဆီးအကျဥ်းချခံရသော နိုင်ငံခြားသား လေးဦး ပါဝင်ခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီ လွှတ်ပေးတဲ့ အကျဉ်းသား ၆၀၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသားဟာ လက်တစ်ဆုပ်စာ သာ ပါဝင်ပါတယ်။

သတင်း

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကို MNDAAက တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင် ကျောင်းကို နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

“ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး” ဟု NUG ဝန်ကြီးက ဆိုသည်။