Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိတ်ခရိုင်ရှိ ခလရ(၅၆၁) တပ်ရင်းကို PDFခရိုင်တပ်ရင်း ဝင်တိုက်

ယမန့်နေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်ဝင်းအတွင်းရှိ ကင်းစခန်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်သဖြင့် PDF ဒု-တပ်စိပ်မှူးနှစ်ဦး ထိမှန်ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(တနင်္သာရီမြို့နယ် ဗောဓိကမ်းရွာအား သွားရောက်တိုက်ခိုက်နေစဥ်၊ဓာတ်ပုံ - Tanintharyi Defense Force)
(တနင်္သာရီမြို့နယ် ဗောဓိကမ်းရွာအား သွားရောက်တိုက်ခိုက်နေစဥ်၊ဓာတ်ပုံ - Tanintharyi Defense Force)

PDF ရဲဘော်နှစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်သား လေးဦးသေ

မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ စစ်ကောင်စီတပ် ခလရ(၅၆၁)ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော်နှစ်ဦး ကျဆုံးပြီး စစ်ကောင်စီဘက်က အနည်းဆုံးလေးဦးသေဆုံးခဲ့သည်ဟု PDF မြိတ်ခရိုင် တပ်ရင်း (၂)တာဝန်ရှိသူက ပြောသည်။

ယမန့်နေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်ဝင်းအတွင်းရှိ ကင်းစခန်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်သဖြင့် PDF ဒု-တပ်စိပ်မှူးနှစ်ဦး ထိမှန်ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ကြားရတာက သူတို့အထဲက ဖရဲသီးသတင်းပေးပို့ချက်အရ အနည်းဆုံး လေးဦးထက်ဘက်မှာရှိပါတယ်ဗျ။ သူတို့ဘက်က ကျွန်တော်တို့ အစတိုက်တာနဲ့ လက်နက်ကြီးစပစ်တော့တာပဲ”ဟု PDF မြိတ်ခရိုင် တပ်ရင်း(၂)တာဝန်ရှိသူက ပြောသည်။

ကျဆုံးသည် ရဲဘော်များသည် ဒုတပ်စိပ်မှူးပျံလွှားနှင့် ဒုတပ်စိပ်မှူး လူတော်တို့ဖြစ်ပြီး ၎င်းတို့သည် တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများ၊ အနစ်နာခံမှုများနှင့် ပေးအပ်သော တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများဖြစ်သည်ဟု ဆိုသည်။

မြိတ်ခရိုင် တပ်ရင်း-၂ ၊တပ်ခွဲ (၂)သည် တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအနောက်ဘက်ကမ်းတွင် စစ်ကောင်စီတပ် ခမရ(၅၅၇)နှင့် ခမရ ၉၅၅၈)တို့ကြား နိုဝင်ဘာ ၁၄ ရက်ကလည်းတိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် PDFဘက်မှာ တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၅ ရက်က သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာတစ်နေရာတွင် လောင်းကစားဝိုင်းတစ်ခုအား သွားရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားနေသည့်နေရာ၌ အမျိုးသား၊အမျိုးသမီး ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

သတင်း

"နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။"ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးမှုရှိမရှိကို လတ်တလော အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်မှ လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

သတင်း

ကလေး -တမူး အာရှလမ်းအကြီးအပါအဝင် ကလေးမြို့နယ်အတွင်း နေရာအများစုမှ သစ်ပင်ကြီးများကို စစ်ကောင်စီက ယခုလပိုင်းအတွင်းလိုက်ခုတ်နေသည်ကို နေ့စဥ်တွေ့နေရကြောင်း ဒေသခံများကပြောသည်။