Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းတစ်ခုကို PDF ဖမ်းဆီး

နိုဝင်ဘာ ၁၅ ရက်က သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာတစ်နေရာတွင် လောင်းကစားဝိုင်းတစ်ခုအား သွားရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားနေသည့်နေရာ၌ အမျိုးသား၊အမျိုးသမီး ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

သရက်ချောင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းတစ်ခုကို PDF ဖမ်းဆီး
သရက်ချောင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းတစ်ခုကို PDF ဖမ်းဆီး

ငွေးကြေးအချို့ကို ပြည်သူပိုင်သိမ်းဆည်းကာ လူ ၁၆ ဦးကို ခံဝန်ဖြင့်ပြန်လွှတ်

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အတွင်း လောင်းကစားဂိုင်းတစ်ခုအားစီးနင်းကာ လောင်းကစားငွေများအား ပြည်သူပိုင်သိမ်းဆည်းလိုက်ကြောင်း သရက်ချောင်း(ပကဖ)အဖွဲ့ဝင် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

နိုဝင်ဘာ ၁၅ ရက်က သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာတစ်နေရာတွင် လောင်းကစားဝိုင်းတစ်ခုအား သွားရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားနေသည့်နေရာ၌ အမျိုးသား၊အမျိုးသမီး ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထိုသို့ဖမ်းဆီးရာတွင် ငွေများကို သိမ်းဆည်းပြီး မော်တော်ဆိုင်ကယ်နှင့် ဖုန်းများကို ဒဏ်ကြေးငွေဖြင့်ပြန် လည်ထုပ်ပေးခဲ့ကာ လောင်းကစားပြုလုပ်သူများအား နောက်နောင်ဆက်မလုပ်ရန် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သရက်ချောင်းပြောက်ကျားတပ်က ပြောသည်။

“ဆိုင်ကယ်နဲ့ဖုန်းတွေကို ဒဏ်ငွေဖြင့် ထုပ်စေပြီး ငွေအား လုံးကို ပြည်သူပိုင်ငွေဖြင့် တော်လှန်ရေးမှာလိုအပ်တဲ့နေရာသုံးသွားမှာပါ။ လူတွေကိုတော့ နောက်တစ်ခါဆက်မလုပ်ဖို့နဲ့ နောက်တစ်ခါလုပ်မိပါက ထိထိရောက်ရောက်အရေးယူဖို့ပြောပြီး သူတို့ကို အာမခံယူပြီးပြန်လွှတ်ထားပါတယ်။ အမည်စရင်းအားလုံးကိုလည်း သိမ်းဆည်းထားပါတယ်ဓာတ်ပုံနှင့်တကွပါ”ဟု သရက်ချောင်းမြို့နယ် ကာကွယ်ရေးပြောက်ကျားတပ်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

မြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းအားလုံးကို ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် စာထုတ်ပြန်သတိပေးပြီးဖြစ်သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းဖြစ်သည်ဟု အသိပေးထားသည်။

You May Also Like

သတင်း

ယမန့်နေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်ဝင်းအတွင်းရှိ ကင်းစခန်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်သဖြင့် PDF ဒု-တပ်စိပ်မှူးနှစ်ဦး ထိမှန်ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

"နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။"ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

သတင်း

ကလေး -တမူး အာရှလမ်းအကြီးအပါအဝင် ကလေးမြို့နယ်အတွင်း နေရာအများစုမှ သစ်ပင်ကြီးများကို စစ်ကောင်စီက ယခုလပိုင်းအတွင်းလိုက်ခုတ်နေသည်ကို နေ့စဥ်တွေ့နေရကြောင်း ဒေသခံများကပြောသည်။

သတင်း

ဇေယျသီရိ (၃) ရပ်ကွက် က နေအိမ် တစ်အိမ် ကို ညနေပိုင်း ၅ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က လာရောက်စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။