Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KRU ၏ တတိယအကြိမ်​မြောက်တိုက်ခိုက်​ရေးစွမ်းရည်မြှင့်သင်တန်းဆင်း

ကရင်နီဒေသအတွင်း တော်လှန်ရေးအင်အားစု များအနက် KRU သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်လျှက်ရှိသော ဒေသခံတပ်ပေါင်းစု ဖြစ်သည်။

(ဓါတ်ပုံ-KRU)
(ဓါတ်ပုံ-KRU)

အရည်အသွေးစွမ်းဆောင်ရည်နှင့်အထူးစစ်ဆင်​ရေးများပါဝင်သည့် လေ့ကျင့်ရေးသင်တန်း တတိယအသုတ်ကိုယနေ့(နိုဝင်ဘာ ၁၇ ရက်) ပြီးဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ထုတ်ပြန်သည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၏ အပတ်စဉ် (C) အထူးမွမ်းမံ သင်တန်းတွင် ရဲဘော်များ စွမ်းဆောင်ရည် ပိုမို မြင့်မားစေရန် နှင့် စည်းလုံး ညီညွတ်မူရှိစေရန် ‌ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဟု အသိပေးသည်။

(ဓါတ်ပုံ-KRU)
(ဓါတ်ပုံ-KRU)

ကရင်နီဝောာ်လှန်ရေးတပ်ပေါင်းစု သည် စစ်​ကောင်စီတပ်ကို ပိုမိုထိရောက်စွာတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ကြေညာသည်။

“သင်တန်းကာလမှာ တိုက်ပွဲ အတွေ့အကြုံရှိပြီးသားရဲဘော်တွေ ပါတယ်။အဓိကတော့ မြို့ပြတိုက်ပွဲတွေဒီထက်ဗျူဟာကျကျ ဘယ်လိုဖော်ဆောင်မလဲ ဆိုတာတွေလည်း ပါတယ်။ရက် ပေါင်း ၂၀ အတွင်းမှာ သင်တန်းသားရဲဘော် ၈၀ ကျော် တက်ရောက်ပြီးအောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့တယ်”ဟု KRU တာဝန်ရှိသူက People’s Spring သတင်းဌာနသို့​ပြောသည်။

(ဓါတ်ပုံ-KRU)
(ဓါတ်ပုံ-KRU)

ထို့အပြင် သင်တန်းအတွင်း အဘက်ဘက်မှ ထောက်ပံ့ ကူညီပေးကြသောပြည်သူများအားကျေးဇူးအထူးတင်ရှိပြီး အရေးတော်ပုံ အောင်သည် ထိ ပြည်သူများနှင့် အတူ တိုက်ပွဲ ဝင်သွားမည်ဟု KRU က ကတိပြုသည်။

(ဓါတ်ပုံ-KRU)
(ဓါတ်ပုံ-KRU)

ကရင်နီဒေသအတွင်း တော်လှန်ရေးအင်အားစု များအနက် KRU သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်လျှက်ရှိသော ဒေသခံတပ်ပေါင်းစု ဖြစ်သည်။

KRU ကို ယခုနှစ် လေးလပိုင်းက စတင်ဖွဲ့စည်း ခဲ့ပြီး KDF ၊ JPDF ၊ GZ-21 loikaw ၊ Medic unit နှင့် SSPDF စသည့် အဖွဲ့များ ပါဝင်သည်။

You May Also Like

သတင်း

လတ်တလောတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားနေကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ဒေသအတွင်းရှိ မတူကွဲ ပြားသည့်အဖွဲ့အစည်းများစည်းလုံးမှုရှိရှိနေထိုင်ရေးသည် တပ်ပေါင်းစု၏ ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း KRU က ဖော်ပြသည်။

သတင်း

"ကုန်းသာမှာ စကစ အနေနဲ့ အင်အား ၅၀လောက်နဲ့ တပ်စွဲထားတာ။ဒါကို နှစ်ဖက်ညှပ်ပြီး ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ"ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ယာဥ်သည် မိုးကာအုပ်ထား၍ ထိခိုက်သူအရေအတွက်ကို အတိအကျမသိရသော်လည်း နှစ်ဦးသေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။