Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့တွင် လက်နက်အပြည့်အစုံဖြင့်သွားလာနေသည့်ပျုအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်

ချောင်းဦးမြို့ တောပုကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျုစောထီးအဖွဲ့ကို ချောင်းဦး PDF – CHUPDF တပ်ခွဲ -၅ (IGF-Monywa)နှင့် Immortal Guerrilla Force-Monywa (IGF-Monywa) တို့က ယမန်နေ့(နိုဝင်ဘာ၁၇ရက်)နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့
ချောင်းဦးမြို့

စစ်ကိုင်းတိုင်း ချောင်းဦးမြို့တွင် လက်နက်အပြည့်အစုံဖြင့် သွားလာနေသည့် ပျုစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ပျူငါးဦးထက်မနည်း သေဆုံးသွားသည်။

ချောင်းဦးမြို့ တောပုကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျုစောထီးအဖွဲ့ကို ချောင်းဦး PDF – CHUPDF တပ်ခွဲ -၅ (IGF-Monywa)နှင့် Immortal Guerrilla Force-Monywa (IGF-Monywa) တို့က ယမန်နေ့(နိုဝင်ဘာ၁၇ရက်)နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“၂၅​ယောက်လောက်ရှိမယ်ဗျ။ ပျူတွေက သေနတ် တွေနဲ့ ထွက်လာတာ။ မိုင်း နှစ်ဆင့်ခွဲခဲ့တယ်။ ပထမတစ်လုံးက ငါးယောက်အနည်းလေး သေတယ်။ နောက်တစ်လုံးကလည်း ချက်ကောင်းထိပြီး လူနာတင်ကားတွေ လာခေါ်သွားတယ်”ဟု ချောင်းဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် ပျုစောထီးအဖွဲ့က ဘေးပတ်ဝန်း ကျင်သို့ သေနတ်ဖြင့် အချက်ပေါင်းများသွား ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု CHUPDF တပ်ခွဲ -၅ (IGF Monywa) က သတင်းထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် အနီးတဝိုက်တွင်သွားလာနေထိုင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်နှင့် ဒေသတွင်း လမ်းခရီးသွားလာရာတွင်လည်း စစ်ကောင်စီအုပ်စု၏ မည်သည့်ကားနှင့်မျှ အနီးကပ်မောင်းနှင် သွားလာခြင်း မပြုကြရန် CHUPDF တပ်ခွဲ -၅ (IGF Monywa)က သတိပေး ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့နယ်အပြင် ဒေသတွင်း နယ်မြေချင်းထိစပ်နေသော မြောင်၊ မြင်းမူ၊ မြင်းခြံနှင့် ရေစကြိုမြို့တို့တွင် အင်းအားတိုးချဲ့ပြီး စစ်ကြောင်းထိုးနေသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၆ ရက်က ထန်းလေးပင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် လေးဦးနှင့်အတူ M22 ၄လတ်၊ ကျည်ဖောက် ၈ခု ပျက်စီးဆုံးရှူံးခဲ့ပြီး ကျန်ရစ် သောရဲဘော်များအား လက်နက်တပ်ဆင်ရန်လိုအပ်နေ၍ ငွေကြေးလိုအပ်နေကြောင်း Monywa The Boys တာဝန်ခံက ပြောသည်။

သတင်း

နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်ကကရင်နီတပ်ပေါင်းစု ထောင်ထားသည့်ကားမိုင်းသည် စစ်ကောင်စီတပ်ကားကိုတည့်တည့်ထိမှန်ပေါက်ကွဲခဲ့သည်ဟုသိရသည်။

သတင်း

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကို MNDAAက တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

သတင်း

အလင်းဝင်ရောက်လာသည့်ရဲတပ်သားများက စစ်ကောင်စီအနေဖြင့် နယ်မြေထိန်းချုပ်နိုင်စွမ်းမရှိ ခြင်းအပါအဝင် ၎င်းတို့အတွက် လုံခြုံမှုမရှိတော့ကြောင်း ထွက်ဆိုထားသည်။