Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာခရိုင်တွင် ထိုးစစ်စတင်နေ၍ လက်နက်လိုအပ်ဟု Monywa The Boys အဖွဲ့ပြော

နိုဝင်ဘာ ၆ ရက်က ထန်းလေးပင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် လေးဦးနှင့်အတူ M22 ၄လတ်၊ ကျည်ဖောက် ၈ခု ပျက်စီးဆုံးရှူံးခဲ့ပြီး ကျန်ရစ် သောရဲဘော်များအား လက်နက်တပ်ဆင်ရန်လိုအပ်နေ၍ ငွေကြေးလိုအပ်နေကြောင်း Monywa The Boys တာဝန်ခံက ပြောသည်။

မုံရွာခရိုင်တွင် ထိုးစစ်စတင်နေ၍ လက်နက်လိုအပ်ဟု Monywa The Boys အဖွဲ့ပြော
မုံရွာခရိုင်တွင် ထိုးစစ်စတင်နေ၍ လက်နက်လိုအပ်ဟု Monywa The Boys အဖွဲ့ပြော

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်တွင် ထိုးစစ်စတင်နေချိန် ဖြစ်သဖြင့် အရေးပေါ်လက်နက်တပ်ဆင်ရန်လိုအပ်နေကြောင်း Monywa The Boys (အထူးကွန်မန်ဒိုတပ်ဖွဲ့) တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၆ ရက်က ထန်းလေးပင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် လေးဦးနှင့်အတူ M22 ၄လတ်၊ ကျည်ဖောက် ၈ခု ပျက်စီးဆုံးရှူံးခဲ့ပြီး ကျန်ရစ် သောရဲဘော်များအား လက်နက်တပ်ဆင်ရန်လိုအပ်နေ၍ ငွေကြေးလိုအပ်နေကြောင်း Monywa The Boys တာဝန်ခံက ပြောသည်။

Monywa The Boys (အထူးကွန်မန်ဒိုတပ်ဖွဲ့)သည် မုံရွာခရိုင်အတွင်း စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ပြီး ထိုးစစ်စတင်နေချိန်ဖြစ်သဖြင့် အရေးပေါ်လက်နက်တပ်ဆင်ရန်လိုအပ်နေသည်ဟု ၎င်းတာဝန်ခံက ဆိုသည်။

ထို့ကြောင့်အကူအညီများပေးနိုင်ရန် https://www.facebook.com/Monywa-The-Boys-113681434298145/?mibextid=ZbWKwL သို့ ဆက်သွယ်နိုင်သည်ဟု ၎င်းတာဝန်ခံက ပြောသည်။

နိုဝင်ဘာ၆ ရက်ကဖြစ်ပွားခဲ့သည့် မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာတိုက်ပွဲတွင် ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံးခဲ့ပြီး အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)က တပ်ခွဲမှူးရဲဘော် ကိုတင်မိုးဝင်း (၂၅နှစ်)၊ ဒု-တပ်ခွဲမှူး ရဲဘော်ကိုကျော်မျိုးေ၀ (၃၈-နှစ်)၊ တပ်စုမှူး ရဲဘော် ကိုအေးမင်းသန်း (၁၉-နှစ်)၊ တပ်စုမှူး ရဲဘော် ကိုတိုးအောင် (၂၅-နှစ်)တို့ လေးဦးတို့ ကျဆုံးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ထန်းလေးပင်ရွာသား သုံးဦးကိုလည်း ခေါင်းဖြတ်သတ်ပြီး နေအိမ် (၁၁)လုံးကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆားလင်းကြီးနယ် တိုက်ပွဲတစ်ခုတွင် Monywa The Boys အဖွဲ့သားများအား တွေ့ရစဥ်။

You May Also Like

သတင်း

ချောင်းဦးမြို့ တောပုကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျုစောထီးအဖွဲ့ကို ချောင်းဦး PDF - CHUPDF တပ်ခွဲ -၅ (IGF-Monywa)နှင့် Immortal Guerrilla Force-Monywa (IGF-Monywa) တို့က ယမန်နေ့(နိုဝင်ဘာ၁၇ရက်)နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကို MNDAAက တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

သတင်း

အလင်းဝင်ရောက်လာသည့်ရဲတပ်သားများက စစ်ကောင်စီအနေဖြင့် နယ်မြေထိန်းချုပ်နိုင်စွမ်းမရှိ ခြင်းအပါအဝင် ၎င်းတို့အတွက် လုံခြုံမှုမရှိတော့ကြောင်း ထွက်ဆိုထားသည်။

သတင်း

ယနေ့ (အောက်တိုဘာ၁၅ရက်) နံနက်ပိုင်းမှစပြီး အရာတော် - မုံရွာလမ်းပိုင်းအား ထပ်မံကြေညာချက်မထုတ်မပြန်မချင်း သွားလာအသုံးပြုခြင်း ရပ်နားထားပေးပါရန် အရာတော်(ပကဖ)က အသိပေးသည်။