Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်အုပ်စုက ချိတ်ပိတ်နေအိမ်တစ်လုံးရှိ ပစ္စည်းများအား ခိုးယူ၊ သနပ်ခါးပင်ပါမကျန် ခုတ်ယူ သွား

ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) ညက မြင်းခြံမြို့နယ်၊ငါ့နန်းရွာရှိ ၎င်းတို့ ချိတ်ပိတ်ထားပြီးဖြစ် သော ဦးစံကင်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ကဝင်‌ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းရှိ ပစ္စည်းများအား သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများ၏ ပစ္စည်းများအား ထင်သလိုယူငင်နေကြသော စစ်ကောင်စီတပ်အား မြင်းခြံမြို့ပေါ်တွင် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ပြည်သူများ၏ ပစ္စည်းများအား ထင်သလိုယူငင်နေကြသော စစ်ကောင်စီတပ်အား မြင်းခြံမြို့ပေါ်တွင် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်အုပ်စုက ချိတ်ပိတ်နေအိမ်များအတွင်းသို့ ပစ္စည်းများအား မကြာခဏ ဝင်ယူနေကြပြီး ယမန်နေ့ညက ချိတ် ပိတ်နေအိမ်တစ်လုံးရှိ စိုက်ပျိုးထားသော သနပ်ခါးပင်များပါမကျန် ခုတ်ယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) ညက မြင်းခြံမြို့နယ်၊ငါ့နန်းရွာရှိ ၎င်းတို့ ချိတ်ပိတ်ထားပြီးဖြစ် သော ဦးစံကင်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ကဝင်‌ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းရှိ ပစ္စည်းများအား သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

“ဦးစံကင်းတို့ သားအဖ လေးယောက်လုံး၏ နေအိမ်များကို ချိတ်ပိတ်ထားခြင်းဖြစ်ပြီး နေအိမ်တွင်းရှိပစ္စည်းများကို စခတွေ မကြာခဏ ဝင်ယူခဲ့ကြပြီး နေအိမ်ခြံဝန်းအတွင်းစိုက်ထားတဲ့ သနပ်ခါးပင်ကိုပါ နုတ်ယူသွားခဲ့တယ်လို့ သိရပါတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

ဦးစံကင်းမိသားစု၏ အိမ်တွင်းပစ္စည်းများ၊ထော်လာဂျီ၊ အိမ်ဆောက်ပစ္စည်းဆိုင်၊သံဇကာရက်လုပ်စက်၊ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ဆိုင်ကယ် လေးစီး၊ ရွှေ၊ငွေ၊ကွန်ဒေါင်းရေတင်စက်၊တောသနပ်ခါးခြံအတွင်းရှိ ရေတင်စက်၊သနပ်ခါးပင် များပါမကျန်ခုတ်ယူသွားကြောင်း မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မှုအားကောင်းသော မြင်းခြံမြို့နယ်တွင် ဝင်ရောက်မွှေနှောက်ရှာဖွေခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆက်လက်ပြုလုပ်နေကြောင်း၊ယမန်နေ့ညကလည်း ဆုံရွာနေ NLD‌ ထောက်ခံသူရွာသား နှစ်ဦး၊ကွေ့ကြီးရွာနေ အမျိုးသား သုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ (နိုဝင်ဘာ ၁၈ရက်) နံနက်၄နာရီခန့်က မြင်းခြံမြို့နယ်၊ တူရွင်းဘို့ရွာမှ ကုက္ကဲရွာအထိ မိုင်းရှာခဲ့ကြပြီး အနီးရှိ တောလုပ်လုပ်ကိုင်နေသူများကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ဝက်လက်နယ်နှင့်စစ်ကိုင်းနယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးဖျက်ဆီးနေသော စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ်၊စဉ့်ကိုင်ရွာသို့ အင်အား၂၀၀ ခန့်ဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားအဆင့်ရှိ သူတစ်ဦးတို့သေဆုံးခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

သတင်း

စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စခငါးကောင်ကို သံပုရာသီးလက်ပစ်ဗုံးတစ်လုံးနဲ့ ဝင်ပစ်တာ စခနှစ်ကောင်သေပါတယ်။"ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။