Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး

အဲဒီ လမ်းကို ဒီမနက်ပိုင်း စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းဖို့ရှိတဲ့အတွက် လုံခြုံရေးချထားတဲ့ကြားကနေ ပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။

မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး
မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး

ဒီနေ့မနက်ပိုင်း မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အနီး ဗုံးပေါက်ကွဲရာ ကျောက်သမား ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ၃၅ လမ်း ၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာဖြစ်ပါတယ်။

အဲဒီ လမ်းကို ဒီမနက်ပိုင်း စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းဖို့ရှိတဲ့အတွက် လုံခြုံရေးချထားတဲ့ကြားကနေ ပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။

မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး
မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး

ပေါက်ကွဲမှုကြောင့် လမ်းဘေးဆိုင်မှာ ထိုင်နေသူ အသက် ၆၀ အရွယ် အမျိုးသား ဗုံးစမှန်ပြီး သေဆုံးသွားသလို လမ်းဘေးရပ်ထားတဲ့ကားလည်း ထိခိုက်သွားပါတယ်။

သေဆုံးသူဟာ အရပ်သားကျောက်သမားဖြစ်တယ်လို့သိရပါတယ်။

ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်ဟာ လမ်းတလျောက်ဖြတ်သန်းသွားလာသူတွေကို စောင့်ကြည့်စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့ နမ့်ပုံကျေးရွာတွင် MNDAAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်တွင် ဆက်လက်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားအဆင့်ရှိ သူတစ်ဦးတို့သေဆုံးခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

သတင်း

စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းကြောင့် ပုဏ္ဏားကျွန်းတွင် ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။