Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလွတ်ငြိမ်း မနေ့ညပိုင်းအထိ နိုင်ကျဉ်း ၅၃ ဦးသာပါဝင်

လွတ်မြောက်လာသူဦးရေ အတိအကျနဲ့ အမည်စာရင်း ချက်ချင်းရဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် အတည်ပြုနိုင်မယ့်စာရင်းတွေကိုဆက်လက်အသိပေးသွားမယ်လို့လည်း AAPP က ပြောပါတယ်။

အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး
အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး

အကျဉ်းသား ၆၀၀၀ နီးပါးလွှတ်လိုက်တဲ့ စစ်ကောင်စီ ရဲ့လွတ်ငြိမ်း မှာ နိုင်ငံရေးအကျဉ်းသားဟာ ၅၃ ဦး သာ လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ပါတယ်။

မနေ့က စာရင်းအထိ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅၃ ဦးသာ မှတ်တမ်းတင်နိုင်တယ်လို့ AAPP က ဆိုထားပါတယ်။

လွတ်မြောက်လာသူဦးရေ အတိအကျနဲ့ အမည်စာရင်း ချက်ချင်းရဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် အတည်ပြုနိုင်မယ့်စာရင်းတွေကိုဆက်လက်အသိပေးသွားမယ်လို့လည်း AAPP က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ မနေ့က နိုဝင်ဘာလ ၁၇ ရက်အထိ လပေါင်း ၂၁ လကျော် အတွင်း စစ်ကောင်စီ ဖမ်းဆီး ချုပ်နှောင်ထားသူဟာ ၁၂၉၇၆ဦးရှိတယ်လို့ AAPP ရဲ့စာရင်းအရသိရပါတယ်။

မနေ့က လွတ်ငြိမ်းမှာဆိုရင်လည်း စစ်ကောင်စီဟာ ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားအချို့ကိုသာ လွှတ်ပေးပြီး ကျန်တဲ့ လွတ်မြောက်လာသူတွေဟာ ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေသူဖြစ်ပါတယ်။

You May Also Like

သတင်း

ဒေသတွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဆက်တိုက်ပစ်နေ၍ မိဘပြည်သူများ လက်နက်ကြီး အကာအကွယ်ရှိသော နေရာများအထိ ကြိုတင်တိမ်းရှောင်ကြရန် KSO က သတိပေးထားသည်။

သတင်း

လွတ်လာတဲ့နိုင်ကျဉ်းတွေဟာဆိုရင်လည်း လွတ်ရက်စေ့ဖို့ လပိုင်းသာလိုတော့တဲ့သူတွေဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

သတင်း

ဖရူဆိုမြို့နယ်တွင် လူနေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဖယ်ခုံတွင်လူနေအိမ် ခုနစ်လုံး နှင့် အရပ်သား ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုရန် ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး၏ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်၊