Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေး လဝကရုံးကို မိုင်းခွဲသတိပေး

မဟာမိတ်အဖွဲ့များနှင့်အတူ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

မကွေး လဝကရုံးကို မိုင်းခွဲသတိပေး

မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ စစ်ကောင်စီထောက်တိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးကို မိုင်းဖောက်ခွဲ သတိပေးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၇ရက်) နံနက် ၁၁နာရီခန့်က မကွေးမြို့၊ အဝေရာလမ်းပေါ်ရှိ မြို့နယ် လဝကရုံးကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက မိုင်းဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်ဖောက်ခွဲခဲ့ရာတွင် လဝကရုံးအတွင်းရှိ အဆောက်အအုံနှင့်ပစ္စ​ည်းများ ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်းများထိခိုက်ခဲ့ခြင်းမရှိကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောသည်။

“လဝကရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ လူတွေကတော့ ထိခိုက်မှုမရှိပါဘူး။ ရုံးအပြင်ပိုင်းတော့ပျက်စီးမှုဖြစ်သွားပါတယ်။ တပ်စွဲတာတော့မရှိပါဘူး။”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီယန္တရားလည်ပတ်စေသည့် ထောက်တိုင်များကို ဖြိုချဖျက်ဆီးမှုများ ပြုလုပ်နေပြီး Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမှုများ ဆက်လုပ်နေပါက ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များကို အာမခံမည်မဟုတ်ဟု ဗိုလ်ထန်ထွဋ်က ဆိုသည်။

မဟာမိတ်အဖွဲ့များနှင့်အတူ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

နို၀င်ဘာ ၁၅ ရက် နံနက်ပိုင်းကလည်း မကွေး လေတပ်စခန်း ဒုံးကျည် သုံးလုံးပစ်ခတ်ခံရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းကာ အောက်တိုဘာ ၁၉ ရက်ကလည်း နတ်မောက်မြို့နယ်ပညာရေးမှူးအိမ်နှင့် ရပ်ကွပ်အုပ်ချုပ်ရေးမှူးအိမ်များအား ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့သေးသည်။

You May Also Like

သတင်း

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးအပြီးတွင် အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဥ်ကို စီစဥ်နေကြောင်း ကြေညာလိုက်ပြီး ထင်ရှား သည့်နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

ယမန်နေ့ တိုက်ခိုက်ခံရမှုကြောင့် လေယာဥ်ထိခိုက်ပျက်စီးမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု သတင်းရေးသားဖော်ပြမှုများကိုတွေ့ရသော်လည်း ယင်းအခြေအနေအပေါ် သီးခြားအတည်မပြုနိုင်ပေ။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီသည် မိုးမောက်မြို့တွင် စစ်ရေးတင်းမာနေပြီး နိုဝင်ဘာ ၁၁ရက်မှစ၍ တိုက်ပွဲပြန်ဖြစ်နေသည်။

သတင်း

နိုဝင်ဘာ ၁၀ရက် နံနက်က စစ်ကောင်စီ၏ ထောက်ပို့ယာဉ်အား ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနှင့်ဆင်အင်းကြီးရွာအကြား၌ AAက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ စစ်ကောင်စီတပ်က ဆင်အင်းကြီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့သည်။