Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် PDF ရဲဘော်နှစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

ဒေသတွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဆက်တိုက်ပစ်နေ၍ မိဘပြည်သူများ လက်နက်ကြီး အကာအကွယ်ရှိသော နေရာများအထိ ကြိုတင်တိမ်းရှောင်ကြရန် KSO က သတိပေးထားသည်။

ခင်ဦးမြို့နယ်
ခင်ဦးမြို့နယ်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

ယနေ့(နိုဝင်ဘာလ ၁၈ရက်)နံနက်တွင် ခင်ဦးမြို့နယ် မဏီကုန်းနှင့် ပေါင်းလဲကုန်းကျေးရွာကြားရောက်ရှ်ိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်။

” ယနေ့မနက် အကြမ်းဖက်စကစ စစ်ကြောင်းလှည့်လည်မှု လမ်းကြောင်းမှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နှစ်ဦး ဒဏ်ရာရ၍ရဲဘော် နှစ်ဦး ကြွေလွင့်ခဲ့ရပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

” မနေ့က တိုက်ပွဲမှာ စခတွေ အထိနာပြီး ဒီနေ့မှာ အင်အားတိုးလာတယ်။ ကျွန်တော်တို့မဟာမိတ်တွေကလည်း စုစုစည်းစည်း ပြန်တိုက်နေပါတယ်။ ထိခိုက်မှုလည်းရှိပါတယ်”ဟု ခင်ဦးမြို့နယ်အ​ခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော KhinUSpecialforceOrganization_KSOမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသတွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဆက်တိုက်ပစ်နေ၍ မိဘပြည်သူများ လက်နက်ကြီး အကာအကွယ်ရှိသော နေရာများအထိ ကြိုတင်တိမ်းရှောင်ကြရန် KSO က သတိပေးထားသည်။

ယမန်နေ့က စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခင်ဦးမြို့နယ် ကုန်းသာ၊အောင်သာ၊ ရွှေယမင်းစသည့် ကျေးရွာများကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု Khin U local GuerrillaForce (K.U.G.F)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က ကုန်းသာကျေးရွာအား ဝင်ရောက်မွှေနှောက်ပြီးကျေးရွာမှ အသက်၁၇နှစ်အရွယ် G-10(စနစ်သစ်)ဆယ်တန်းကျောင်းသားတစ်ဦးအပါအဝင် ဒေသခံသုံးဦးအား ဖမ်းဆီးသွားခဲ့ပြီး လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့သည်။ အဆိုပါသုံးဦးအနက်မှ နှစ်ဦးပြန်လွှတ်ပေးပြီး တစ်ဦးအား ဖမ်းဆီးထားဆဲဟု ဒေသခံများကပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးအပြီးတွင် အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဥ်ကို စီစဥ်နေကြောင်း ကြေညာလိုက်ပြီး ထင်ရှား သည့်နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

လွတ်မြောက်လာသူဦးရေ အတိအကျနဲ့ အမည်စာရင်း ချက်ချင်းရဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် အတည်ပြုနိုင်မယ့်စာရင်းတွေကိုဆက်လက်အသိပေးသွားမယ်လို့လည်း AAPP က ပြောပါတယ်။

သတင်း

လွတ်လာတဲ့နိုင်ကျဉ်းတွေဟာဆိုရင်လည်း လွတ်ရက်စေ့ဖို့ လပိုင်းသာလိုတော့တဲ့သူတွေဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

သတင်း

ဖရူဆိုမြို့နယ်တွင် လူနေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဖယ်ခုံတွင်လူနေအိမ် ခုနစ်လုံး နှင့် အရပ်သား ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။